" ကျွန်တော် အလုပ်ပြီးပြီ ။ Oh Sehun ssi လဲ ပြန်လို့ရပါပြီ"
အနုပညာစင်တာမှ ထွက်သည်နှင့် ထိုသို့လမ်းခွဲခဲ့
ကြပြီးနောက် တနေ့ထိ အချိန်းအချက်မလုပ်ဖြစ်
ခဲ့ကြ။တနေကုန်မည်ဆိုကာ အစောကြီးပြန်လာသည့် Luhan ကို Linwei Jie မှ တအံ့တဩကြည့်နေသေးသည်။ ထိုမျှနှင့်မပြီးသေး ၊ အချိန်ရွှေ့ထား
ခဲ့သည့် Commercial Film တစ်ခုကို အခု ချက်
ချင်းရိုက်မည်ဟု ဆိုလာပြန်သဖြင့် တဖက်အဖွဲ့
နှင့်အမြန်ချိတ်ဆက်ပြီး ရိုက်ကွင်းအမြန်တည်ရ
ပြန်သည်။အလုပ်မြန်မြန်ပြတ်သွားသည်က ကောင်းပေမင့်
အချိန်ဇယားခဏခဏပြန်ပြင်ရသည်မှာ တဖက်လူအပေါ် မလေးစားရာရောက်သည့်အကြောင်း
ကောင်းကောင်းသိနေသည့် Luhan သည် Linwei
မပြောခင်မှာပင် တဖက်အဖွဲ့အပေါ် အနူးအညွတ်
စကားဆိုလျက် ရိုက်ကွင်းပြီးနောက် ညစာအတူ
လိုက်ကျွေးလိုက်သေးသည် ။ထိုနေ့ည၌ ရယ်မောကာညစာစားပွဲ၌ ပြောဆိုစားသောက်နေသည့် Luhan ပုံများသည်လည်း ဆိုရှယ်မီဒီယာများအပေါ်ပျံ့လို့သွားတော့သည်။
နောက်တနေ့ မနက်၌ Luhan သည် အချိန်ဇယားအတိုင်း အနုပညာစင်တာသို့သွားသည်။
ဝတ်စုံကိုဝတ်ဖို့အတွက် သူ့ခန္ဓာကိုယ်အချိုး အ စားသည် အနည်းငယ်လိုအပ်နေသည်ဟု ယူဆမိသောကြောင့် သူ အခြေခံဘဲလေးအကသင်တန်းကို အပ်ခဲ့သည်။
နောက် ရိုးရာဝတ်စုံကိုဆန်းသစ်ထားသည့် အ ထည်ဖြစ်သည့်အတွက်ကိုယ်လက်ဟန်ပန်လှုပ် ရှားမှုများ လိုက်ဖက်မှုရှိနေစေရန် ရိုးရာအကသင်တန်းကိုလည်းအပ်ထားတာဖြစ်သည်။
တမနက်တည်း နှစ်ကြိမ်ဆက်တိုက်သင်ရမှာပေမဲ့
Luhan ပင်ပန်းသည်ဟုမထင်။ ရိုးရာအကဆရာမကြီး သည် သူနှင့်အသက်အရွယ် အတော်ကွာခြား
သော်လည်း စကားအပြောအဆိုအဆင်ပြေစွာဖြင့် ပထမဆုံးသင်တန်းချိန်ပြီးဆုံးခဲ့သည်။အခြေခံကကွက်များဖြင့် သူ၏လက်လှုပ်ရှားမှု
များကို တစ်ရက်သာရှိသေးသော်လည်း ကိုယ် တိုင် သဘောကျလို့နေသည်။ ရိုးရာအတန်း၌ စိတ်ကျေနပ်ခဲ့သမျှသည် ဘဲလေးသင်တန်းသို့
အရောက်မှာ ထွက်ပြေးကြကုန်၏။