ရိုးရှင်းခဲ့တဲ့ ဖြစ်တည်မှုပါပဲ
မင်း ကို သဘောကျပြီးရင်း ထပ်လို့သဘောကျရင်း နေ့တွေညတွေကို ကုန်ဆုံးသွားစေဖြစ်တယ်-------------------------------
"အဟမ်း.....အဲ့ဒီတော့ သူ က ဘယ်သူတဲ့လဲ ?"
"ဘယ်သူ့? အာ ... မင်းကိုဘောလုံးကာပေးတဲ့
တစ်ယောက်လား "တတန်းတည်းသားသူငယ်ချင်း က နေ့လည်စာဝေစုထဲက ချောကလက်ပေါင်မုန့်စားမပြတ်ပဲ
Luhan မေးခွန်းကိုပြန်ထောက်လိုက်ပေမဲ့ Luhan
ကတော့ စတော်ဘယ်ရီဒိန်ချဉ်ဘူးအဖုံးကို လက်မဖြင့် တတိတိ လှန်ထောက်ဖွင့်ရင်း ဆက်လာမည့် စကားသံကို မသိမသာနားစွင့်နေလေသည်။ထိုတစ်ယောက်ကိုအာရုံစိုက်မိနေပါသည်ဆိုသည်အား မသိသာရလေအောင် ၊ ထို့နည်းတူ အာရုံမစိုက်ပါဘူးဟု ထင်မှတ်မှားပြီး ဆက်မပြောသည်လည်း မဖြစ်ရလေအောင် ၊ ထိုအခြေအနေနှစ်ခု
ကြားတွင် ဤသို့ချင့်ချိန်နေထိုင်ပြီး Luhan ဒိန်ချဉ်ဘူးအဖုံးကို လက်မဖြင့် ထောက်လိုက်၊ လှန်လိုက်လုပ်နေသည်မှာ အချိန်တော်တော်ကြာပြီဖြစ်သည်။Luhan သည် မိုင်ကုန်ပြောရလျှင် သူများအကြောင်း စိတ်ဝင်စားတတ်သူ လုံးလုံးမဟုတ်ချေ။ လိုက်လံမေးမြန်းဖို့ ဝေလာဝေး ၊ လာရောက်
မိတ်ဖွဲ့သူများကိုပင် မမှတ်မိနိုင်သည့်အတွက် မိမိ
အတန်းထဲရှိသူများမှ လွဲလို့ တခြားတန်းခွဲမှ လူ
များကို မျက်နှာပင်သိနိုင်ဖို့ရာ ရာခိုင်နှုန်းနည်းလွန်း လှသည်။ဒုတိယတန်းနှင့်ပေါင်းသည့် ကာယချိန်သာမရှိခဲ့
လျှင် ထိုကောင်လေးနှင့်တွေ့ဖြစ်မည်ပင်မထင်။"Oh Sehunတဲ့"
"ဟမ်...."
"မင်း အာရုံမရတာလား ? အဲ့ဒါဆိုလဲ နေ့လည်စာပဲသွက်သွက်စားတော့ ငါတို့အတန်းပြန်မယ်"
"အာ...မဟုတ်ဘူး ။ ရော့ ဒိန်ချဉ်သောက်လေ"
"အင်း....မင်းကိုဘောလုံးကာပေးတဲ့ ဂျူနီယာတန်းကကောင်လေးလေ။ သူက နာမည်ကြီးပဲ။ Oh Sehun တဲ့"
Oh Sehun.... သုံးလုံးတွဲထိုနာမကို Luhan တိုးတိုး
သာသာရွတ်ဆိုဖြစ်သည်။ နှုတ်ထောက်ခြင်းမရှိ၊စိမ်းသက်ခြင်းမရှိ သူ့နှုတ်ဖျားကနေ ရှောရှောရှူရှူ ခုန်ဆင်းသည်။