မေ့ပစ်လိုက်ပြီးတဲ့ တစက္ကန့်မှာ ထပ်ချစ်မိဖို့
ခြေစမ်းပျိုးနေသတဲ့-------------------------------
Luhan သည် သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်
နေပြီး သူ့ကို တချက်မျှ ကြည့်မနေသော Oh Sehun အား ရှေးတူရှုကြည့်နေသည်။HAN-OH ၏ အစည်းအဝေးခန်းမ၌ အရေးပေါ်
လုပ်လိုက်ရသော အစည်းအဝေးပွဲတွင် The Star
Group တစ်ခုလုံး၏ အထွေထွေ မန်နေဂျာချုပ်ပါသည်။ ဒီဇိုင်းဌာန၏ဌာနမှူး၊ အဖွဲ့မှူးနှင့် လက်ထောက်ဒီဇိုင်နာ Oh Sehun ပါသည်။ ထို့နောက် အသစ်စက်စက် Main Model Luhan ပါလေသည်။Main Model အနေဖြင့် အဓိကဝတ်စုံ ဝတ်ခွင့်မရ
လောက်အောင် အငြင်းခံလိုက်ရသည့် ဖြစ်စဉ်အား ပြန်လည်တွေးမိသည့်အခါ Luhan က ခပ်
တိုးတိုးရယ်၏။သူ့ရယ်သံသဲ့သဲ့ သည် တိတ်ဆိတ်နေသည့် အစည်း အဝေးခန်းမထဲတွင် တော်တော် ကျယ်
လောင်စွာထွက်သွားသည်။တချက်မျှ အာရုံမစိုက်ခဲ့သည့် Oh Sehun အကြည့် များသည် Luhan ဆီရောက်လာခဲ့သည့်
အချိန် အကြည့်မပြတ်ခဲ့သည့် Luhan မျက်ဝန်းများနှင့် သွားရောက်တွေ့ဆုံကြုံကြိုက်သည်။အများသူငှာ မျောပါသွားရလောက်အောင် လွင့်လှပ်လှပလွန်းသည့် မျက်လုံးကြည်တောက် တောက်လေးများမှာ နှမြောစရာကောင်းလောက်
အောင်ပင် Oh Sehun ဆီ၌ အလုပ်မဖြစ်။" ကျွန်တော် နည်းနည်းထူးဆန်းတယ်တွေးမိလို့ပါ
ခင်ဗျာ။ ဒီဘက်နိုင်ငံက ဘရန်းတွေရဲ့ လုပ်ထုံး
လုပ်နည်းတွေကို ရင်းနှီးမနေလို့လားမသိဘူး။
အဓိကဝတ်စုံပေးမဝတ်ချင်တဲ့ Model ကို Collection တခုလုံးရဲ့ Main Model အဖြစ် ဆက်
ခန့်ထားတယ်ဆိုတာ ဒီနိုင်ငံမှာရှိတယ်လား ?"သေချာပေါက်မရှိဟု Luhan သိသည်။ သို့သော်
လည်း သူ၏ လှပချောမောသော မျက်နှာလေး
တွင် အပြုံးတို့ကမပြတ်။ အမှန်တကယ် သိချင်နေသည့် အမူအရာလေးဖြင့်သာ သူ့လေသံတို့
တက်ကြွနေခဲ့သည်။"သေချာပေါက်မရှိပါဘူး ။ Main Model က အဓိကဝတ်စုံကို ဝတ်ခွင့်မရှိဘူးဆိုတာ Luhan ssi တယောက်ထဲမှာပဲ ဖြစ်လာတဲ့ကိစ္စပါ"