Unicode
ဒိုင်း!!!...ဒိုင်း!!!...ဒိုင်း!!!!
ဂျောင်ကုသေနတ်ကိုကျင်လည်စွာမောင်းတံကိုလက်မနဲ့ဆွဲလိုက်ကာဒူးထောက်နေကြတဲ့လူသုံးယောက်ရဲ့နှဖူးတဲ့တဲ့ကိုကြည်ဆံတို့အဆက်မပြတ်ထိုးဖောက်သွားအောင်ပြစ်လိုက်တာကြောင့်ထိုနေရာဟာလည်းသွေးတို့ရဲရဲနီကာဆင်းထွက်လာတယ်
ကျန်ရှိတဲ့ခေါင်းတွေမြေကြီးထဲဝင်မတက်ငုတ်ထားတဲ့သူတွေဟာလည်းဂျောင်ကုကြည်ဆံသူတို့ခေါင်းထဲဘယ်အချိန်ဝင်လာတော့မလဲဆိုတဲ့အတွေးနဲ့တင်ချွေးတို့ပြန်နေကြတယ်
"စောက်သုံးမကျတဲ့ကောင်တွေ!!!!...ငါမင်းတို့ကိုပေးထားတဲ့လစာနဲ့တန်အောင်မင်းတို့မလုပ်နိုင်ရင်မင်းတို့ကသေဖို့ပဲတန်တဲ့ကောင်တွေ!!!..."
ဆော့ဂျင်ထွက်ပြေးသွားတာကိုသိတာနဲ့ဂျောင်ကုသူ့လူတွေကိုနေရာအနှံရှာခိုင်းလိုက်ပေမဲ့အချိန်တွေသာကုန်ခဲ့ပြီးမတွေ့ခဲ့ပါဘူးဆိုတဲ့စကားတစ်ခွန်းထဲနဲ့ပြန်လာကြတဲ့သူ့လူတွေကိုကြိမ်းမောင်းရင်းဂျောင်ကုရဲ့ယုံကြည်ရတဲ့လက်ထောက်ဖြစ်တဲ့သူကိုခေါ်လိုက်တယ်
"လီဂျွန်း!!!!.."
"ဟုတ်ကဲ့သူဌေး!.."
"မင်းရဲမူးတွေကိုဖုန်းဆက်သူ့လူတွေကိုအကုန်ဖြန့်ပြီးဂျွန်ဆော့ဂျင်ကိုလိုက်ရှာခိုင်းလိုက်!!!...ငါ့ငွေတွေနဲ့သူတို့ရာထူးမြဲနေအောင်လုပ်ထားပေးထားတာ!!!..ဂျွန်ဆော့ဂျင်ကိုသူတို့ရှာမတွေ့ရင်သူတို့အသက်ကိုပါငါပြန်ယူမယ်လို့ပြောလိုက်!!!....နောက်တစ်ခုကကင်ထယ်ယောင်းအခုဘယ်ရောက်နေလဲဆိုတာကိုပါစုံစမ်း!!!"
"ဟုတ်ကဲ့!..."
"တောက်!!!...ဂျွန်ဆော့ဂျင်!!!!!...ဂျွန်ဆော့ဂျင်!!!!!..မင်းလေးကတော့daddyစိတ်ကိုလာစွလိုက်တာဘဲ!!!!.."
ခွမ်း!!!...ဒုန်း!!!!...ဒိုင်း!!!!...ဒိုင်း!!!...
ဂျောင်ကုသေနတ်တစ်လက်နဲ့ရှိသမျှအရာကိုလျှောက်ပြစ်လိုက်တော့ပန်းအိုးတွေနဲ့မှန်ကွဲစတွေကနေရာအနှံ့ဖြစ်ကုန်သလိုအလုပ်သမားတစ်ချို့ပါထိခိုက်ဒဏ်ရာတွေရကုန်ပေမဲ့ဂျောင်ကုကတော့တစ်ချက်တောင်လှည့်မကြည့်ပဲကားသော့ကိုဆွဲကာခြံထဲကနေအရှိန်ပြင်းပြင်းမောင်ထွက်လာခဲ့တယ်