Unicode
daddyနဲ့အတူနေတာ၁ပတ်ရှိပြီ ၁ပတ်အတွင်းမှာdaddyရဲ့ဆန္ဒတွေကိုသူဖြည့်ဆည်းပေးရတယ် ပိတ်လှောင်ခံရလို့ထွက်ပြေးခဲ့တယ် ဒါပေမဲ့အခုသူကdaddyဆီမှာပဲအရင်ကလိုထပ်ပြီးပိတ်လှောင်ခံနေရပြန်တယ်
သူ့ရဲ့လွတ်မြောက်ချင်စိတ်ကအရာအားလုံးကိုဖြတ်စီးသွားခဲ့တယ် သူ့ကြောင့်အသက်တွေသေဆုံးခဲ့တယ် နောက်ပြီးသူဂျီမင်လေးနဲ့လဲဝေးကွာခဲ့ရတယ် အခုချိန်လောက်ဆိုရင်ရောဂျီမင်လေးဘယ်စီမှာ ဘယ်သူတွေနဲ့တွေ့ပြီး အဆင်မှပြေပါ့မလား ဂျီမင်လေးကိုဝိုင်းများအနိုင်ကျင့်နေကြမလား
ဒေါက်~ဒေါက်
ခန္တာကိုယ်တစ်ခုလုံးကမသယ်ချင်လောင်အောင်နွမ်းနယ်နေတာကြောင့်အိပ်ယာပေါ်ကစောင်ပုံတွေကြားနှစ်မှုပ်ထားပေမဲ့တံခါးခေါက်သံကြောင့်မထချင်ပဲထရပြန်တယ်
"ဘာဖြစ်လို့လဲ!"
စိတ်မကြည်တာကြောင့်တံခါးလာခေါက်တဲ့daddyရဲ့လူယုံကိုစောင့်အောင့်ကာမေးလိုက်သည်
"တောင်းပန်ပါတယ်လအစ်ကိုလေးအခုအပြင်ထွက်မှရပါမယ်"
"ဘာဖြစ်လို့လဲ"
"လူစိမ်းတစ်ယောက်ကစံအိမ်ထဲကိုဗုန်းထောင်သွားတယ်ဆိုတာသတင်းရလို့ပါ သခင်ကြီးလည်းပြန်ခာနေပါပြီ သခင်လေးကိုလုံခြုံတဲ့နေရာမှာပြောင်းနေခိုင်းထားလို့ပါ"
ခေါင်းမဖော်ပဲပြောစရာရှိတာတွေကိုစက်သနတ်ပစ်သလိုပြောနေတဲ့ထိုသူစကားကြောင့်ဆော့ဂျင်ခေါင်းသာငြှိမ့်ပြလိုက်ရင်းထိုသူခေါ်တဲ့နောက်ကိုလိုက်ခဲ့တယ်
စံအိမ်ရှေ့မှာရပ်နေတဲ့ကားအမဲတွေကြည့်ရတာဗုန်းကိုလိုက်ရှာနေပုံရသည်daddyလူေတွနဲ့စံအိမ်တစ်ခုလုံးပြည့်နေသည်
ခြံအပြင်ရဲ့တစ်နေရာမှာရပ်ထားတဲ့အနက်ရောင်ဇိမ်ခံကားတစ်စီးကိုတံခါးဖွင့်ပေးလာတဲ့ထိုသူကြောင့်ကားထဲသာဝင်ထိုင်နေလိုက်သည်
daddyကဒီနေ့အရေးကြီးတဲ့အလုပ်အနှောက်အယှက်ပေါ်လို့ဆိုပြီးမနက်အစောကတည်းကထသွားသည် အလုပ်ဆိုတာလည်းသူ့ရဲ့မြေအောက်လုပ်ငန်းတွေပဲနေမှာပေါ့
![](https://img.wattpad.com/cover/290040771-288-k264056.jpg)