Part-12

1.6K 172 48
                                    

Unicode

"ငါဆော့ဂျင်ကိုမတွေ့ခဲ့ဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲhyung ဆော့ဂျင်နဲ့ဂျီမင်အတူထွက်သွားတာလေ"

"ခလေးကိုငါတွေ့တုန်းကတည်းကခလေးနားမှာဆော့ဂျင်ပါမလာဘူး"

"အဲတာဆိုဆော့ဂျင်ရော ဆော့ဂျင်ကတော့ဂျီမင်ကိုတစ်ယောက်ထဲထားခဲ့မှာမဟုတ်ဘူး အခုဂျီမင်ဘယ်မှာလဲ ကျွန်တော်သူ့ကိုဆော့ဂျင်အကြောင်းမေးမလို့"

"ခလေးလည်းငါ့လက်ထဲရောက်တာနဲ့သတိမေ့သွားလို့ငါဘာမှမမေးရသေးဘူး အခုခလေးသတိမရသေးဘူး"

ထယ်ယောင်း ဆော့ဂျင်ကိုနေရာနှံ့အောင်လူတွေလွှတ်ကာရှာကြည့်သလို သူကိုယ်တိုင်လည်းအနှံ့ရှာကြည့်ပေမဲ့မတွေ့

ယွန်းဂီကိုဖုန်းခေါ်ကြည့်ရာမှ ဂျီမင်ကိုယွန်းဂီရှာတာတွေ့ပြီဆိုတဲ့သတင်းကြောင့် ဆော့ဂျင်များပါလာမလားဆိုတဲ့အတွေးနဲ့ယွန်းဂီတို့ဆီလာခဲ့ပေမဲ့ ယွန်းဂီ စကားကြောင့်သက်ပြင်းတွေသာချနေမိတယ်

"လူကြီးးး"

"ခလေးသတိရပြီလား"

ယွန်းဂီတို့စကားပြောနေတဲ့ဧည့်ခန်းကို ဂျီမင်မျက်လုံးတို့ကိုလက်နဲ့အသာပွတ်ကာလာတာတွေ့တော့ ယွန်းဂီခုံဘေးတွင်ဂျီမင်ကိုထိုင်ခိုင်းလိုက်တယ်

"ဂျီမင် မင်းအစ်ကိုဆော့ဂျင်ရော"

ထယ်ယောင်း ဂျီမင်ကို ဆော့ဂျင်အကြောင်းမေးတော့ ဂျီမင် မျက်နှာလေးမဲ့လာကာ ယွန်းဂီးအကျီစလေးကိုလက်သေးသေးလေးတို့နဲ့လှုပ်ရမ်းကာ

"လူကြီး ဂျီဂျီ hyungကိုရှာပေးပါနော် အခုရှာပေးပါနော် hyungကိုဟိုလူကြီးတွေအနိုင်ကျင့်နေကျတယ် လူကြီးး ဂျီဂျီhyung ကိုအခုရှာပေးလို့ အီးဟီးးး"

ထယ်ယောင်း ဂျီမင်စကားကြောင့်ထိုင်နေရာမှ ထရပ်လိုက်တယ်

"ဂျီမင် မင်းဘာကိုပြောတာလဲ ဆော့ဂျင်အခုဘယ်မှာရှိနေတာလဲ"

"အီးဟင့် hyung ကဂျီဂျီကိုထွက်ပြေးခိုင်းပြီး သူကျတော့အဲ့လူးဆိုးကြီးတွေနဲ့နေခဲ့တယ် hyungကိုအခုရှာပေးပါလူကြီး ဂျီဂျီhyungကိုအခုတွေ့ချင်တယ်"

STEPFATHER ᵒʳ STEPBROTHER ✔︎Where stories live. Discover now