Unicode
ဒိုင်းးးး
ကျယ်လောင်တဲ့အသံထွက်ပေါ်လာတာနဲ့ဆော့ဂျင်မျက်လုံးတို့ကိုစုံမှိတ်ချကာထားလိုက်တယ် ထယ်အင်းသည်သူ့ကိုတကယ်ပင်သတ်ချင်နေသူဖြစ်သည်
ခန္တာကိုယ်နာကျင်မှုတဆိုးတစိမှမရှိတာကြောင့်မျက်လုံးဖွင့်ကြည့်မိတော့ သေနတ်အပစ်ခံရသူသည် သူမဟုတ်ခဲ့ ထယ်အင်းသာဖြစ်နေသည်
မြေကြီးပေါ်လဲကျနေတဲ့ထယ်အင်းဟာ လက်မောင်းတည့်တည့်ကိုကြည်ဆံဝင်ရောက်သွားပုံရသည် လက်မောင်းထက်ကနေထွက်ကျလာတဲ့သွေးတွေဟာမြင်မကောင်း
"ထယ် ထယ်အင်း"
ဆော့ဂျင်လဲကျနေတဲ့ထယ်အင်းနားကိုတဖြည်းဖြည်းရှေ့တိုးကာဒဏ်ရာကိုကြည့်ရန်ထယ်အင်းရဲ့လက်မောင်းကိုကိုင်ကြည့်ချင်မိသည်
ထယ်အင်းရဲ့လက်မောင်းနားရောက်နေတဲ့ဆော့ဂျင်လက်တွေကိုသန်မာတဲ့လက်တစ်စုံဟာချူပ်ကိုင်လိုက်ခြင်းကိုခံလိုက်ရတယ်
"daddy!"
daddyဟာမျက်လုံးအိမ်တို့နီရဲပြီးမေးရိုးတွေပင်ထောင်နေတဲ့အထိထယ်အင်းကိုကြည့်နေသည်
daddyသည်ထယ်အင်းနားမှာရပ်နေတဲ့ကျွန့်တော်လက်ကိုစောင့်ဆွဲလိုက်တာကြောင့်ကျွန်တော်ခြေလှမ်းတို့မထိန်းနိုင်ပဲdadyရင်ခွင်ထဲရောက်သွားခဲ့တယ်
"မင်းနဲ့ငါဒီကိစ္စဒီမှာတင်မပီးဘူးကင်ထယ်အင်း"
"ဟက် ဂျွန်ကကျွန်တော့်ကိုဘာလုပ်ချင်သေးလို့လဲ"
ထယ်အင်းသည်သွေးထွက်နေတဲ့လက်မောင်းတစ်ဖက်ကိုကျနမလက်တစ်ဖက်နဲ့ဖိကိုင်ပြီးခြေထောက်တွေကိုအားပြုကာထလာခဲ့တယ်
"ဂျွန်ခိုင်းသမျှကျွန်တော်နွားတစ်ကောင်လိုလုပ်ပေးခဲ့တယ် ဂျွန်လည်းသိပါတယ် ကျွန်တော်ဂျွန်အပေါ်ဘယ်စိတ်ရှိတယ်ဆိုတာ ဒါပေမဲ့ဂျွန်ကတော့ကင်ဆော့ဂျင်မှ ကင်ဆော့ဂျင်ဖြစ်နေတာ"
ထယ်အင်းသည်ပါးပြင်ပေါ်ကမျက်ရည်စက်တို့ကိုေသွးေပနေတဲ့လက်နဲ့အကြမ်းပတမ်းခါထုတ်ပစ်လိုက်တယ်
"ကျွန်တော်သည်းမခံနိုင်တော့ဘူးဂျွန် ကျွန်တော်ကြာလေကင်ဆော့ဂျင်ကိုမမြင်ချင်လောက်အောင်မုန်းလေပဲ ကျွန်တော်အခုကင်ဆော့ဂျင်ကိုသတ်ခွင့်မရလိုက်ဘူး ဒါပေမဲ့ ကျွန်တော်အချစ်ကိုလုယူတဲ့ ကင်ဆော့ဂျင်ကို တစ်နေ့ကျွန်တော့်လက်နဲ့ကိုယ်တိုင်သတ်ပြမယ်"
![](https://img.wattpad.com/cover/290040771-288-k264056.jpg)
YOU ARE READING
STEPFATHER ᵒʳ STEPBROTHER ✔︎
Roman d'amourSTEPFATHER OR STEPBROTHER [S-1] WITH YOU [S-2]