ep(5)

1.8K 113 0
                                    

နူးညံ့စွာ..သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part..(5)..

ညဘက်ရောက်တော့ပိုးသံစဉ်ကိုတကိုယ်လုံးနာကျင်ကိုက်ခဲနေပါသည်...ဒီနေ့ပွဲဦးထွက်မို့အသဲအသန်နိုင်အောင်ကစားခဲ့ရတာ....အမေကတော့သူမလက်များကိုဒဏ်ကြေလိမ်းဆေးလူးပေးရင်းတပျစ်တောက်တောက်ဆူနေသည်...အမေကဘော်လီဘောကစားတာမကြိုက်...သူမကလည်းဘော်လီဘောကစားတာကိုအရမ်းဝါသနာကြီး...။
ချစ်ထူးနဲ့ထွေးထွေးကတော့စာလုပ်နေကြသည်...

''မဆော့ပါနဲ့လို့...တားတာကိုဘယ်တော့မှနားမထောင်ဘူး...မတော်လို့ကျိုးကန်းသွားရင်...ငါကဒုက္ခိတကိုဆေးကုရအုံးမယ်....´´

အဲ့လိုအပြောချိုတာ...သူမအနေနဲ့ဒီစကားတွေကရိုးအီနေပြီဖြစ်သည်...ချစ်ထူးက...

''အမေကလည်း..အားကစားလုပ်တာပဲဘာမှမဖြစ်ပါဘူး...အမေပြောသလိုဖြစ်မယ်ဆိုရင်အားကစားသမားတွေတောင်ရှိတော့မှာမဟုတ်ဘူး´´

''နင်ကပါအားပေးအားမြှောက်လုပ်နေတာလားချစ်ထူး....အေးနင်လည်းကျက်ကျက်သတိထားနော်...(၂၁၂စစ်တပ်)ကွင်းထဲမှာဘောလုံးသွားသွားကန်နေတာ..ငါမသိဘူးထင်နေလား..´´

''အမေကလည်း...ကိုကြီးဝါဆိုနောက်ကိုလိုက်သွားတာပါသားမကန်ပါဘူး..´´

  ''ကန်ချင်ကန်ပေါ့...ကျိုးရင်တော့...ဆေးကုပေးမယ်မထင်နဲ့...´´

အမေ့စကားကြောင့်ချစ်ထူးဇာတ်ကလေးပုကာစာဆက်လုပ်နေသည်.....

''ကဲ...အိပ်ချင်အိပ်တော့...´´

  ''ဟုတ်!´´

သူမ၏အခန်းကျဉ်းလေးထဲသို့ဝင်ခဲ့သည်...ချစ်ထူးကဘုရားခန်းမှာအိပ်ပြီးအမေနဲ့ထွေးထွေးကတော့တစ်ခန်းတည်းအတူတူအိပ်ကြသည်...သူမဆိုင်ဆာနဲ့တောင်သိပ်မတွေ့ဖြစ်...ဒီနေ့တောင်အားကစားခန်းမထဲမှဖြတ်ကခဲတော့တွေ့လိုက်ရသည်....ပြီးတော့ထက်ထက်ဖြိုးကျော်....သူ့မကိုစိုက်ကြည့်နေတာကိုသူမမြင်ဖြစ်အောင်လှမ်းမြင်လိုက်ပါသေးသည်..သူကြည့်တာကောင်းသောအကြည့်တော့မဖြစ်နိုင်..သူမကိုစိတ်အနှောက်ယှက်ပေးဖို့စဉ်းစားနေတာပဲဖြစ်မည်...ဟူး...သူ့အကြောင်းတွေးတာနဲ့အိပ်ရေးပျက်တော့မှာပဲ...။

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now