ep(12)

1.7K 87 0
                                    

နူးညံ့စွာ..သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part (12)

''တောက်!´´

ဘီယာဆိုင်ထဲတွင်ဝါဆိုရဲ့တောက်ခေါက်သံပြင်းပြင်းထွက်လာသည်....သူ့သူငယ်ချင်းများကတော့..သူ့ကိုကြည့်ပြီးရယ်နေကြသည်....

''ဟားဟား.. ..ဝါဆိုတို့များကွာ..ပြောတော့မိုးလားကဲလားနဲ့...အခုကျတော့...မိန်းကလေးတယောက်လောက်တောင်အဖြစ်မရှိတာ...ဟားဟား ဟား´´

ရယ်သံများကဝါဆိုနားထဲသံရည်ပူများလောင်းထည့်နေသလိုပင်....ဖန်ခွက်ထဲမှဘီယာကိုသူတကျိုက်တည်းမော့ချလိုက်သည်....သူအဖြစ်ကိုရှက်မိသည်...သူအရမ်းချစ်ရတဲ့ကောင်မလေးတခြားတယောက်ကလုယူသွားတာ...လုယူတဲ့သူကသူ့လိုယောက်ျားတယောက်ဆိုတော်ပါသေးသည်...အခုဟာကမိန်းကလေးတယောက်...မိန်းကလေးတယောက်နဲ့ယှဉ်ပြီးသူရှုံးရတာမို့ပိုရှက်မိသည်...အစကသူမယုံခဲ့...ဒီကောင်တွေပြောတာကို....။နောက်မှဟိုတနေ့ကအဖြစ်အပျက်နဲ့ဆက်စပ်ကြည့်လိုက်မှ..သူလက်ခံမိတာ....

''မထင်ရဘူးနော်...မင်းရဲ့ပိုးလေးက...g to gတွဲလိမ့်မယ်လို့...´´

''ဟုတ်ပကွာ..ဟိုထက်ထက်ဖြိုးကျော်ဆိုတဲ့ဟာလေးကလည်းအရမ်းလှတာကွ...နှမျော်စရာကြီး...´´

''ဟေ့ကောင်တွေမင်းတို့ပါးစပ်ကိုပိတ်ထားတော့ကွာ...ငါစိတ်တိုလာပြီနော်..´´

ဝါဆိုမှာမခံချင်စိတ်ကောရှက်စိတ်ကောရောထွေးကာသူ့မျက်နှာကြီးမှာကြောက်စရာကောင်းလောက်အောင်ခတ်ထန်နေသည်...

''မင်းကလည်းစိတ်ပဲ..ကွာ..ကို့ဘော်ဒါအရင်းကြီးတွေမို့စတာပဲ...´´

''အေးလေကွာ...´´

ဝါဆိုဘီယာက်ိုဖန်ခွက်ထဲသို့ထက်ထည့်လိုက်ရင်း....

''ငါ့မှာတော့ကွာငယ်ငယ်ကတည်းကသူ့ကိုအမြတ်တနိုးနဲ့တန်ဖိုးထားခဲ့ရတာ...အခုတော့ကွာ...´´

''မင်းကလည်း...အားလျော့နေပြန်ပါပြီ..ဒီမှာဟေ့ကောင်...မိန်းကလေးချင်းပဲကွာ...သူတို့ဘယ်လောက်ချစ်နိုင်မှာမို့လို့လည်း...ပြီးတော့မင်းရဲ့အချေမလေးကတစ်ခါမှရည်းစားထားဖူးတာမဟုတ်ဘူး...ခဏတာစိတ်ကစားတာလည်းဖြစ်နိုင်တာပဲလေ....´´

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now