ep(8)

2.1K 126 2
                                    

နူးညံ့စွာ.. သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part..(8)

မနက်မိုးလင်းတော့...ထက်ထက်ဖြိုးကျော် တယောက်ခိုက်ခိုက်တုန်ချမ်းပြီးကိုယ်တွေခြစ်ခြစ်တောက်ပူနေသည်...ဆောင်းတွင်းကြီးမိုးရွာလိုက်တာကြောင့်ရာသီဥတုမှာ...ဆောင်းရဲ့အအေးဓာတ်ကောမိုးရဲ့အအေးဓာက်ပါရောကာအေးစိမ့်နေပါသည်...ပတ်ဝန်းကျင်မှာလည်းမြူ တွေဆိုင်းလို့...ဖွားဖွားက သူမကိုမနက်စာစားဖို့လာနိုးတော့သူမမထနိုင်....

''မြေးရယ်ကိုယ်တွေလည်းပူလို့ပါလားညကမိုးမိတော့ဖျားပြီပေါ့..´´
ဖွားဖွား ကဂရုဏာဒေါသဖြင့်ဆိုသည်...

  ''မဖြစ်သေးပါဘူးဆရာဝန်ပင့်ခိုင်းအုံးမှပါ...´´

ဖွားဖွား သူမအခန်းထဲမှပြန်ထွက်သွားသည်.......။

ရာသီဥတု မှာခါတိုင်းထက်ပိုအေးနေသည်....ပိုးသံစဉ်ကို ပရယ်တီကယ်လ်ခန်းတွင်စောစောရောက်နေသည်။ဆိုင်ဆာကတော့..လဲချားဂိတ်မှာပစ္စည်းသွားယူလို့နောက်ကျမယ်ထင်သည်....တဖြည်းဖြည်း နဲ့အခန်းထဲလူတွေရောက်လာကြသည်....ECယုယုဆွေကသူမအနီးသို့ရောက်လာပြီး...

''ပိုးသံစဉ်ကို နင်အရမ်းတော်တယ်သိလား...ကစားတာအရမ်းကောင်း
တယ်....´´

သူမပြုံးရုံပြုံးလိုက်သည်....ပြီးမှ....

''အဲ့လောက်မဟုတ်ပါဘူး...ဟာ...´´

''ဒါနဲ့ဆိုင်ဆာကောမတွေ့ပါလား..´´

''သူကားဂိတ်ခဏသွားတယ်...လာလိမ့်မယ်...´´

သူမနဲ့ယုယုဆွေစကားလက်ဆုံကျနေစဉ်မှာပင်...ဆိုင်ဆာရောက်လာသည်...နောက်တော့ဟိုလေးယောက်....ထက်ထက်ဖြိုးကျော် ကိုတော့မတွေ့....သူမညကအဖြစ်ကိုပြန်တွေးမိပြီးရှက်သလိုလိုပင်..သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိ...အခုတော့သူကိုမတွေ့တာကြောင့်...စိတ်ထဲတွင်စိုးရိမ်စိတ်ကလေးဖြစ်သွားမိတာကိုတော့သူမကိုယ်သူမကောင်းကောင်းသတိထားမိသည်...သူ..မပါတာကြောင့်ဟိုလေးယောက်ဆီမှ...ဆူညံသံသိပ်မကြားရ...သူ...နေများမကောင်းဘူးလား...ဘာဖြစ်လို့မလာတာလဲ...သူမအတွေးများရှုပ်ယှက်ခက်နေပါသည်....ထိုနေ့တစ်နေ့လုံးသူ့ကိုမတွေ့ရတာကြောင့်...စိတ်ထဲမှာတော့..လစ်ဟာသလိုပင်...ပြီးတော့သူကသူမကိုချစ်တယ်တဲ့လား...အို..မဖြစ်နိုင်တာမိန်းကလေးချင်းကြီးချစ်စရာလားနော်...အရူး...ဘာစိတ်ကူးနဲ့လျှောက်ပြောသွားပါလိမ့်....သူ့...ပုံစံကလည်းလျှောက်ပြောသွားပုံမရတကယ့်အလေးအနက်နဲ့ပြောတာ....ဟာ...မုန်းလိုက်တာနော်...တစ်ခါမှအခုလောက်အတွေးမရှုပ်ဖူး..ခဲ့..။

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now