ep(15)

5.3K 176 11
                                    

နူးညံ့စွာ.. .သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part..(15)
(ဇာတ်သိမ်းပိုင်း)

ပရယ်တီကယ်လ်သာပြီးသွားတယ်..သူရောက်မလာခဲ့ပါ....။ဆိုင်ဆာကသူမပုံကိုအကဲခက်ကာ..

''နင်ဖြိုးကျော်ကို...မျှော်နေတာလား..´´

နှုက်ကမဖြေပဲ...ခေါင်းသာညိတ်ပြမိသည်...

''သူကျောင်းမတက်တော့ဘူးတဲ့...နောက်နှစ်မှ...ပင်လုံမှာပြန်တက်မယ်ပြောတာပဲ...´´

သူမရင်ထဲမှာ...နင့်နေပါသည်...။သူမကြောင့်...သူ့ဒီလိုဖြစ်သွားမယ်ဆိုတာကြိုသိခဲ့ရင်...မချစ်ခဲ့ပါဘူး....။

''သူအဆင်ပြေရဲ့လားဟင်...´´

မရဲတရဲလေးမေးလိုက်မိသည်...ဆိုင်ဆာကသူမပခုံးကိုခပ်ဖွဖွဆုပ်ကိုင်ရင်း...

''သူအဆင်ပြေအောင်ကြိုးစားနေ..နေပါတယ်...ဒါပေမဲ့ အရင်နဲ့တော့မတူဘူးပေါ့....သူ့ဘဝအပြောင်းအလဲကလည်း...တော်ရုံလူဆိုရူးသွားနိုင်တယ်လေ...´´

ဟုတ်ပါရဲ့လေ...ဆိုင်ဆာပြောသလို...တော်ရုံလူဆိုရင်သူ့လိုတောင့်ခံထားနိုင်ပါ့မလား။သူ့အတွက်သူမက...ဘာမှမလုပ်ပေးနိုင်ရုံသာမကသူ့အသဲကိုပင်သူမကရက်ရက်စက်စက်ခွဲခဲ့တာ...။

''နင်ကော...ဝါဆိုနဲ့အဆင်ပြေရဲ့လား´´

''ဟင်း...ဟင်း....ဒီလိုပါပဲ..´´

သူမမချိပြုံးလေးပြုံးကာပြောလိုက်သည်...။
ရက်တွေတရက်ပြီးတစ်ရက်သာကုန်သွားပေမဲ့...သူမသူ့ကိုအရမ်းလွမ်းနေမိသည်...။ဒါပေမဲ့မဖြစ်နိုင်တဲ့ဘဝ...ပေါင်းစပ်ခွင့်မရတော့တဲ့ဘဝမှာ...သူမဘာကိုမျှော်လင့်နေရအုံးမှာလည်းလေ...။ဟိုလေးယောက်ကိုမြင်တိုင်းသူမသူ့ကိုပိုသတိရနေမိသည်၊။သူ...သူမကိုအခုလောက်ဆိုရင်မေ့နေပြီလား...။မေ့လောက်ပါပြီလေ....။
မေ့ပစ်လိုက်နိုင်ပါစေ...သူရယ်....။တိတ်တိတ်လေးသာဆုတောင်းမိပါတော့သည်...။
မိသားစု ထမင်းဝိုင်းလေးကအရင်လိုမမပိုးမရှိတော့ပို၍တိတ်ဆိက်နေသည်...အရင်ကဆိုမမပိုးကသူနဲ့ထွေးထွေးကိုအမြဲပွစိပွစ်ိပြောနေတက်တာ...။အမေကလည်းမျက်နှာသိပ်မကောင်း...မမအိမ်ထောင်ပြုသွားပြီးကတည်းက...အစကမမကိုချစ်ထူးစိတ်တိုမိသော်လည်း...အခုတော့မမကိုသနားနေမိသည်...ကိုဝါဆိုကိုမမ..မချစ်တာသူသိသည်..အမေကောထွေးထွေးပါသိတာပဲ...မမကဘာလို့ကိုဝါဆိုနောက်ကိုလိုက်သွားခဲ့ရတာလည်း...။

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now