ep(6)

1.9K 125 0
                                    

နူးညံ့စွာသိမ်းပိုက်တက်သော
❤❤❤❤❤❤❤
Les story part...6

ဆူဆူညံညံအသံတွေကြောင့်ဟိုလေးယောက်သူမဆီရောက်ပြီဆိုတာအတပ်သိလိုက်သည်...သူမစ..ချင်တာကြောင့်အိပ်ချင်ယောင်ဆောင်နေလိုက်သည်...

''ဟဲ့...ဖြိုးကျော်...''

အသံပြဲကြီးနဲ့ရွှေစိန်ကသူမနားကပ်အော်သည်...ခမ်းစံက....လည်းသူမလက်ကိုအတင်းလှုပ်နေသည်....ပန်ဖက...

''အင်း...အိပ်ချင်ယောင်ဆောင်တဲ့သူကနိုးရခတ်တယ်ဆိုတာဒါက်ိုပြောတာနေမှာနော်...''

ရုပ်ကပညာရှ်ိစတိုလ်အပြည့်...

''ဒီညစိုင်းစိုင်းရှိုးပွဲ..စောစီကွင်းမှာရှိတယ်အိပ်နေတယ်ဆိုတော့နေပါစေမနိုးနဲ့တော့ပြန်မယ်...''

အောင်ဟိန်းမှင်သေသေနဲ့ပြောလိုက်တော့မှသူမရယ်ကျဲကျဲနဲ့မျက်လုံးဖွင့်လိုက်သည်......

''ဟီး...ဟီး...ဘယ်အချိန်လဲ''

''တွေ့လားရှိုးပွဲဆိုမှရုပ်က...''

''စိတ်မဆိုးပါနဲ့လို့...တကယ်ပြောတာလားဟင်...''

''တကယ်ပေါ့...လိမ်စရာလား..ည၈နာရီလောက်စမယ်ထင်တယ်ဒီတော့နင်ကဒီည...သူတို့အဆောင်မှာလိုက်အိပ်လိုက်ပေါ့..''

အောင်ဟိန်းကခမ်းစံနဲ့ရွှေစိန်ဘက်ကိုကြည့်ရင်းပြောသည်....

''အေးကောင်းသားပဲ....''

သူမခေါင်းညိတ်သဘောတူလိုက်သည်...

''ပြီးတော့နင့်ကိုလူတယောက်နဲ့မိတ်ဆက်ပေးရအုံးမယ်...''

''ဘယ်သူနဲ့လည်း''

သူမအမေးကိုတယောက်မှပြန်မဖြေ...ပြုံးစိစိလုပ်နေကြသည်....

''မပြောနေပေါ့...''
သူမ...မသိချင်သောပုံစံဖမ်းကာပြောလိုက်တော့မှ...ပြူး ပြူးပြဲပြဲဖြစ်ကာ....

''နင်ကလည်း...စျေးကိုင်လို့တောင်မရပါလားဟ....''

''ဟုတ်တယ်လေ...နင်တို့မပြောလည်းဘာဖြစ်သေးလဲ...ငါအတွက်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စမှမဟုတ်တာ''

ရွှေစိန်မက...နှာခေါင်းကြီးရှုံပြီး....

''သိပါတယ်နင်က..ပိုးသံစဉ်ကို အကြောင်းကိုပဲစိတ်ဝင်စားတာမှတ်လား..''

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now