ep(13)

1.7K 89 3
                                    

နူးညံ့စွာ..သိမ်းပိုက်တက်သော
💔💔💔💔💔💔💔
Les story part...(13)

သူဆိုင်ဆာတို့ခြံထဲကိုအပြေးဝင်ခဲ့မိသည်...ဆိုင်ဆာအဖေအမေနဲ့အကိုတွေကသူ့ကိုအံ့သြစွာကြည့်နေကြသည်...။သူဂရုစိုက်မစိုက်အားပါ...ဆိုင်ဆာကိုသာရှာနေမိသည်....သူ့ကိုမြင်တော့ဆိုင်ဆာပုံမှာ..သိပ်အံ့သြပုံမရ...သူလာမယ်ဆိုတာက်ိုကြိုသိနေသည့်ပုံနှင့်....

''ငါတို့အပြင်မှာ...စကားပြောရအောင်..´´
သူ့လက်မောင်းကိုအတင်းဆွဲပြီးအိမ်ထဲမှထွက်ခဲ့သည်...။ခြံပြင်ရောက်တော့....သူမအောင့်နိုင်တော့...

''ဆိုင်ဆာ...သူလက်ထပ်တော့မယ်ဆိုတာ....တကယ်လား...မဟုတ်ဘူးမဟုတ်လား..´´

သူ့အသံများမှာတုန်ယင်နေသည်...ဆိုင်ဆာကသူ့ပခုံးကိုကိုင်ကာ...

''ဟုတ်တယ်ဖြိုးကျော်...အဲ့ဒါ အမှန်တရားပဲ...´´

ဆိုင်ဆာ့စကားများကသူ့နှလုံးသားကိုဓားထက်ထက်နဲ့မွှန်းနေသယောင်....သူလက်မခံနိုင်စွာခေါင်းကိုသွက်သွက်ခါအောင်ယမ်းနေမိသည်....သူမယုံဘူး...။

   ''ဟာ...!နင်ကလည်းငါ့ကိုဘာလို့လာလိမ်နေတာလဲဟင်....နင်ငါတို့နှစ်ယောက်အကြောင်းကိုဘာမှမသိဘဲနဲ့....´´

ဆိုင်ဆာကသူ့ကိုနားလည်သောအကြည့့်များဖြင့်ကြည့်နေသည်...အဲ့ဒိအကြည့်တွေကိုပင်သူလက်မခံန်ုင်တာ...

   ''ငါသိပါတယ် ဖြိုးကျော်...စာမေးပွဲနောက်ဆုံးနေ့က...ပိုးငါ့ကိုအကုန်ပြောပြခဲ့ပါတယ်....ဒါပေမဲ့ အခုသူလက်ထပ်တော့မယ်ဆိုတာကတော့တကယ့်အမှန်တရားပဲဖြိုးကျော်...နင်လက်ခံလိုက်ပါဟာ..´´

ဆိုင်ဆာဒီစကားတွေကိုမပြောချင်ပေမဲ့အမှန်တရားဖြစ်နေတာကြောင့့်သူမအနေနဲ့ပြောရတာ...။ဖြိုးကျော်ပုံစံမှာအရူးတယောက်ပမာ...သူမစိတ်မကောင်းပါ...ဖြိုးကျော်အတွက်ကောပိုးသံစဉ်ကိုအတွက်ပါစိတ်မကောင်း..။သူမလည်းဒီသတင်းကိုကြားကြားချင်းမယုံနိုင်ခဲ့...ကာယကံရှင်ဖြစ်တဲ့ပိုးပြောလို့သာသူမယုံလိုက်ရတာ...။သူမကိုဖုန်းဆက်ပြောနေရင်းငိုလိုက်တာ...မကြားရက်စရာပင်...ကြောက်စရာကောင်းလိုက်တဲ့ကံတရားပါလား...။ချစ်တဲ့သူနဲ့ကွေကွင်းရရုံသာမက..မချစ်မနှစ်သက်တဲ့သူနဲ့ပေါင်းသင်းရတဲ့ဒုက္ခပါခံစားရမဲ့သူမရဲ့သူငယ်ချင်းမလေးအတွက်ရင်နာလို့မဆုံးပါ...။

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now