ep(10)

1.9K 109 0
                                    

နူးညံ့စွာ.. သိမ်းပိုက်တက်သော
❤❤❤❤❤❤❤❤
Les story part..(10)

သူမတို့နှစ်ယောက်အိမ်ကိုရောက်တော့ခြံတံခါးစေ့ထားပြီး...အိမ်တံခါးမှာသော့ခက်လျှက်....သူမမဆီဖုန်းဆက်လိုက်သည်....မမကဆေးခန်းမှာ...ဖွားဖွားက တော့ဘုရားဖြူ ကသူ့သူငယ်ချင်းလာခေါ်သွားသည်တဲ့...။
သူအိတ်ထဲကသော့အပိုကိုထုတ်ကာတံခါးကိုဖွင့်ပြီးအိမ်ထဲသို့ဝင်ခဲ့ကြသည်.....

''ချစ်ဗိုက်ဆာနေမှာပေါ့...တစ်ခုခုစားအုံးလေ...ဆိုင်တစ်ဆိုင်မှာထိုင်ဖို့ခေါ်တော့လည်းချစ်ကလက်မခံဘူးနော်´´

''မဟုတ်ပါဘူး.. .အဲ့လိုထိုင်နေတုန်းတယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲ....´´

''မမြင်လောက်ပါဘူး..ချစ်ရယ်...ချစ်ကသာစိုးရိမ်ကြီးနေတာ...´´
သူ့ပုံစံက ကတကယ့်ကိုအလိုမကျသည့်ပုံ.....

''ပြီးတော့အခုလိုခိုးကြောင်ခိုးဝှက်ကြီးလည်းမချစ်ချင်တော့ပါဘူးဆို...´´

''ခဏတော့စောင့်ပါ..သူရယ်...´´

သူ့ကိုအနောက်မှသူမသိုင်းဖတ်ပြီးဆိုလိုက်သည်....

''ချစ်ရယ်...အဲ့လိုကြီးဖက်မထားပါနဲ့..´´

သူ့စကားကြောင့်သူမမျက်လုံးလေးပျ ူးကျယ်သွားပြီး...

''ဟွန်း...မကြိုက်လို့လားဟင်...´´

သူခေါင်းခါလိုက်ပြီး....သူမကိုစိုက်ကြည့်ကာ....

''မကြိုက်လို့....မဟုတ်ပါဘူး...´´

''အာ့ဆိုဘာဖြစ်လို့လဲဟင်...´´
သူမကမျက်တောင်လေးပုတ်ခက်ပုတ်ခက်လုပ်ကာသူ့ကိုမေးသည်...သူသူမနားသို့ကပ်ပြီး....

''ရင်တွေအရမ်းခုန်လို့...ပြီးရင်လေစိတ်တွေဘယ်လိုဖြစ်မှန်းမသိလို့...´´

''ဟုတ်လား...အဲ့ဒါ ဆိုရင်မလုပ်တော့ဘူးနော်...°´

သူမဖက်ထားရာကနေလွှက်ပေးလိုက်တော့သူကလက်ကိုပြန်ဆွဲထားသည်...ပြီးတော့သူ့ရဲ့အကြည့်တွေက...သူမကိုညို့ယူဖမ်းစားထားပြန်သည်...သူမသူ့ကိုကြည့်ပြီးရင်ခုန်သံတွေက...မမှန်...တော့...။

''ချစ်...´´

သူ့ဆီမှခပ်တိုးတိုးခေါ်သံထွက်လာသည်...

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now