- UNICODE -
တစ်ပတ်ရှိပြီ။ ဂျောင်ဝန်း ထိုပါးချိုင့်ကောင်လေးကို လိုက်ရှာနေတာ။ သည်အတောအတွင်းလည်း သည်နေရာက ဂျောင်ဝန်းဆိုတဲ့သူမှာ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ရှိတယ်လို့ သိရသည်။ ပုပုလုံးလုံးနဲ့ ဆံပင်ပခုံးလောက်ရှိပြီး ချစ်စရာကောင်းသည့် ကောင်မလေးက ဂန်ယွန်းဟွာလို့အမည်ရပြီး ခဲဖြူ ရောင်ဆံပင်ပိုင်ရှင်ရဲ့နာမည်က ဂင်မ်ဆောနူတဲ့။
ထိုနှစ်ယောက်နဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင်နေသည်။ တစ်ခါတစ်ခါ စိတ်ရှုပ်လာလို့ အော်မိတာကလွဲလို့ပေါ့။ သူတို့ကလည်း ပုံမှန်ဆို ပြန်လုပ်လောက်မှာဆိုပေမဲ့ သိပ်မူမမှန်တဲ့ သူငယ်ချင်းဖြစ်သူကို ငဲ့ညှာသောအားဖြင့် စိတ်ထဲကနေသာ မေတ္တာတွေ အစုလိုက်အပြုံလိုက် ပို့ပေးကြသည်။
" ဘယ်လိုလုပ်ရမလဲ ဟင်းမ် ! "
အချိန်တစ်ပတ်သာ ကုန်သွားသည်။ ထိုအကျိုးမပေးတဲ့ ပါးချိုင့်ကောင်လေးကို အစအနတောင် မတွေ့ရပါ။ ကုမ္ပဏီကို အဖေတစ်ယောက်တည်းနဲ့လွှတ်ထားတာ စိတ်ပူစရာတော့ မရှိပေမဲ့ တစ်ချိန်လုံး တွေးနေမိတာက အိမ်ပြန်ချင်တယ်ဆိုတဲ့အကြောင်းပဲ။ အမှန်တိုင်းပြောရရင် သည်မှာနေရတာ ပိုလွတ်လပ်သည်။ ပိုက်ဆံမရှာရပေမဲ့ သုံးဖို့အတွက် လက်ဖြန့်တောင်းစရာမလို။ ကဒ်ထဲမှာ အဆင်သင့်ရှိနေတတ်ပြီး သူငယ်ချင်းနှစ်ယောက်ကလည်း Happy vibesအပြည့်နဲ့သူတွေမို့ စိတ်ကောင်းဝင်နေတဲ့အချိန်ဆို သူ့ဆီပါ အပျော်တွေ ကူးစက်လာလေ့ရှိသည်။
အရင်ကျောင်းတက်တုန်းက သူ့မှာ သူငယ်ချင်းများများစားစား မရှိ။ ရွှေဇွန်းကိုက်ပြီး မွေးလာတာကြောင့် ဂျောင်ဝန်းက မာနထားတတ်သည်။ ဒါကလည်း သူ့အပြစ်ရယ်တော့ မဟုတ်။ အလယ်တန်းကတည်းက အတုအယောင်တွေ အများကြီးနဲ့တွေ့ကြုံလာခဲ့ရတာကြောင့်ပင်။
ထို့ကြောင့်လည်း မျက်နှာတည်နဲ့နေတတ်ပြီး စကားအများကြီး ပြောရတာ မကြိုက်တဲ့သူ့မှာ သူငယ်ချင်းဆိုလို့ နီခီနဲ့ဂျယ်ယွန်းပဲ ရှိသည်။ သူတို့နှစ်ယောက်ကလည်း ဂျောင်ဝန်းကို အမြဲအလိုလိုက် သည်းခံပေးတတ်ကြသည်။ ဂျုံဆောင်းကြောင့် စိတ်ရှုပ်ရပေမဲ့ သူတို့နှစ်ယောက်ကြောင့် ဂျောင်ဝန်းရဲ့အထီးကျန်တဲ့စိတ်က တဖြည်းဖြည်းပျောက်ကွယ်လာသည်။ သို့ပေမဲ့လည်း အိမ်ကိုပဲ ပြန်ချင်သည်။
YOU ARE READING
𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction" 𝖢𝖺𝗎𝗌𝖾 𝗒𝗈𝗎 𝗅𝗈𝗏𝖾 𝗆𝖾. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃