Jongwon Forget Their Hyung

1.5K 239 51
                                    

- UNICODE -

" သားလေး၊ သား သတိရလာပြီလား ? "

အိပ်ရာပေါ်ကို ရောက်နေတာပဲ။ ဘယ်အချိန်က အိပ်ပျော်သွားတာပါလိမ့်။ ရင်းနှီးနေသော အမျိုးသမီးတစ်ဦး၏အသံကိုသာ ဆက်တိုက် ကြားနေရသည်။ ထိုအမျိးသမီး၏အသံက သိသိသာသာ တုန်ခါနေသည်ကိုလည်း သတိထားမိသေးသည်။

" လူနာ သတိရလာပြီလား ? "

အခန်းထဲသို့ ရောက်ရှိလာကြသည့် နောက်ထပ်လူတချို့။ အသံတွေ ကြားသော်ငြား သူ့မျက်လုံးတွေကိုတော့ ဖြည်းဖြည်းချင်းသာ ဖွင့်နေရသည်။ မျက်လုံးဖွင့်ဖွင့်ချင်း အမြင်အာရုံထဲသို့ ရောက်လာသူက တခြားသူ မဟုတ်။

" အမေ "

" ဟုတ်တယ် အမေလေ သားလေး။ အမေ့သားလေး ဘာမှမဖြစ်ဘဲ သတိရလာလို့ တော်သေးတာပေါ့။ "

ဆရာဝန်က စစ်ဆေးစရာရှိတာ စစ်ဆေးတော့ ဘေးမှာရှိတဲ့လူတွေက မျက်ရည်တွေလည်း ရစ်ဝဲရင်း ရပ်နေကြသည်။ သူကတော့ ဘာကိုမှ နားမလည်နိုင်သေးပါ။ သူမှတ်မိသလောက်က ဂျုံဆောင်းနဲ့စကားများနေတာ။ ကားမောင်းနေသည့် ဂျုံဆောင်းက သူနဲ့အခြေအတင် ဖြစ်နေကြတယ်ဆိုတာအထိပဲ မှတ်မိသည်။ ကျန်တာတွေကို မသိတော့။

" ဂျောင်ဝန်းနီး ! "

" သားတို့သူငယ်ချင်းက သိပ်ကံကောင်းတာပဲ။ သား အဆင်မပြေတာ၊ နေလို့မကောင်းတာ ရှိရင် အဖေတို့ကို ချက်ချင်းပြောနော်။ "

အခန်းထဲသို့ အလောတကြီး ဝင်လာကြသည့် ဂျယ်ယွန်းနဲ့နီခီတို့ကို ပြောရင်း သူ့ကိုလည်း မှာကာ နဖူးကိုတစ်ချက်နမ်းပြီး ထွက်သွားသော ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူ။ သူကတော့ လောလောဆယ် ကြုံနေရတဲ့ အဖြစ်အပျက်တွေကို လုံးဝ နားမလည်နိုင်သေးတာကြောင့် ကြောင်စီစီသာ ဖြစ်နေမိသည်။

" ပြန်ရောက်လာတာလား ? "

ရီခီ့ကို ကြည့်လိုက်ရင်း သူ့ဘာသာသူ ရေရွတ်မိသည်။ ပြန်ရောက်လာလို့သာ ရီခီ့ကို မျက်မြင်ထင်ရှား တွေ့နေရခြင်း မဟုတ်လား။ သူက ပြန်ရောက်လာပြီဆို ပတ်ခ်ဂျုံဆောင်း ! ဂျုံဆောင်းကရော ?

" နေလို့အဆင်ပြေတယ်မလား ဂျောင်ဝန်းနီးဟျောင်း ? "

" ဂျုံဆောင်းရော ရီခီ ? ဂျုံဆောင်းရော "

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now