Love Birds Are Actually Toxics

1.4K 263 67
                                    

- UNICODE -



" လုံးဝပဲ ! "

" ပတ်ခ်ဂျုံဆောင်း ခဏနေဦး ! "

့ထွက်သွားဖို့လုပ်နေတဲ့ သူ့လက်ကို အတင်းဆွဲထားသော ဂျောင်ဝန်းကြောင့် ဂျုံဆောင်း စုပ်သပ်မိသည်။ ဘယ်လိုနည်းနဲ့မှ လက်မခံပေးနိုင်တဲ့ ကိစ္စမို့ ဂျောင်ဝန်း ဘယ်လောက်ပြောပြော သူ ခေါင်းညိတ်ပေးမှာ မဟုတ်ဘူးဆိုတာကတော့ အသေအချာပဲ။ ဒါကိုလည်း မသိတာ မဟုတ်ဘဲ အသည်းအသန်တွေ ပြောနေလေရဲ့။


" ငါမင်းကိုချစ်တယ်လို့ ပြောခဲ့တာတွေကို ဘယ်အချိန်အထိ အလိမ်အညာစကားတွေလို့ သံသယဖြစ်နေဦးမှာလဲ။ ချစ်တယ်ဆိုတဲ့ စကားကို အလကားနေ လိမ်ညာပြောရအောင် ငါက ဘယ်လိုကောင်မျိုးလို့ထင်နေလဲ ယန်းဂျောင်ဝန်း ?! "

" ဘယ်လိုကောင်မျိုးလို့မှ မထင်ဘူး။ ငါပြောတာ ရှင်းရှင်းလေးပဲ။ ငါ မင်းကို မချစ်ဘူးလို့။ မချစ်လို့ စေ့စပ်ပွဲကို မရှိခဲ့သလို သဘောထားခိုင်းတာလေ။ အာရုံလာစားနေတာ တော်လိုက်ပါတော့လား။ "


သည်တစ်ခါ ထွက်သွားဖို့လုပ်တဲ့သူက ဂျုံဆောင်း မဟုတ်ဘဲ ဂျောင်ဝန်းဖြစ်သွားတော့ ဂျုံဆောင်းက ဆွဲထားပြန်သည်။ လက်ကို အတင်းခါချနေသော်လည်း သူ့ထက် အားပိုသန်တဲ့ ဂျုံဆောင်းကြောင့် ဂျောင်ဝန်း ငြိမ်နေလိုက်တော့သည်။

" ဘယ်လိုပဲ အလိမ်အညာတွေပြောပြော မင်း ငါ့ကို ချစ်နေတယ်ဆိုတာ ယုံတယ်။ အဲ့တာကြောင့် ဂျိတ်ခ်ကို မေ့ထားလိုက်ပါ။ သူ့အတွက် တွေးပူနေတာတွေကို ရပ်လိုက်ပါတော့ ဂျောင်ဝန်းရယ်။ "


မဖြစ်ဘူး။ ပတ်ခ်ဂျုံဆောင်းရဲ့စကားတွေမှာ နစ်မြောသွားပြန်လို့ မဖြစ်ဘူး။ ဂျိတ်ခ်ပြောခဲ့တာတွေက အမှန်ပဲလေ။ ပတ်ခ်ဂျုံဆောင်းရဲ့မျက်လုံးထဲမှာ ယန်းဆောင်းဟွန်းတစ်ယောက်သာ ရှိနေတာ မဟုတ်လား။ ပြီးတော့ ဂျိတ်ခ်က သနားစရာကောင်းသည်။ ယန်းဂျောင်ဝန်းအပေါ် စိတ်ရင်းနဲ့ချစ်ပေးတဲ့သူက ဂျိတ်ခ်ဖြစ်နေတာကြောင့် ဂျိတ်ခ်ကို လျစ်လျူ မရှုသင့်ဘူး။


" ဟုတ်တယ်၊ ဂျိတ်ခ်ကို မချစ်ဘူး။ ဒါပေမဲ့ သူက ငါ့ကို အများကြီး ချစ်ပေးတယ်။ ပတ်ခ်ဂျုံဆောင်းကြောင့် ကြေကွဲခဲ့ရတဲ့ ယန်းဂျောင်ဝန်းကို ဂရုစိုက်ပေးခဲ့တာလည်း ဂျိတ်ခ်ပဲ။ အဲ့တာကြောင့် ယန်းဂျောင်ဝန်း မဟုတ်ပေမဲ့ ယန်းဂျောင်ဝန်းဖြစ်တဲ့ ငါက သူ့အတွက် ဂျိတ်ခ်ကိုပဲ ရွေးချယ်ပေးခဲ့မှာ။ "

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now