Oh! Forgot Again?!

1.4K 233 66
                                    

- UNICODE -

လက်သီးဆုပ်ဖြူ ဖြူ ထဲက စပျစ်သီးသည် စုတ်ပြတ်သပ်နေပြီဖြစ်သည်။ အခွံလည်း ခွာပြီးသား ဖြစ်သလို အစေ့တွေပါ ထွက်ပြီး လက်ဖဝါးလည်း ပေကျံကုန်ပြီ။

" လက်သုတ်လိုက်ဦး။ "

ဘေးမှာ ထိုင်နေတဲ့ ရီခီက သူ့လက်ကို ဆွဲပြီး တစ်သျှူးနဲ့သုတ်ပေးသည်အထိ သူ့အကြည့်တွေက မလှမ်းကမ်းနေရာတစ်နေရာဆီမှာ။ ပြုံးရယ်နေတာများ တစ်သက်လုံး ပါးစပ်တောင် ပြန်စိနိုင်ပါ့မလား။

" စပျစ်သီးကို မစားဘဲ ဆော့နေရလား ! "

ဂျယ်ယွန်းဟျောင်း ဘယ်အချိန်က ဘယ်လိုဖြစ်ပြီး သူတို့အနားကို ရောက်လာမှန်းလည်း သူ မသိ။ ကြည့်ရတာ ပတ်ဝန်းကျင်လေ့လာအားစိုက်မှု နည်းသည်ထက်နည်းလာသည် ထင်၏။

" အဲ့ကောင်လေးက ဒန်နီရယ်ဆိုတာလား နီခီ ? "

ဂျုံဆောင်း၏ပခုံးကို မှီနေတဲ့ ကောင်လေးဆီ မျက်စပစ်ပြလိုက်ရင်း ဂျယ်ယွန်းက မေးသည်။ ရီခီ့ဆီမှ ထွက်လာမည့် စကားသံကို တစ်စုံတစ်ယောက်က အသေအချာ နားစွင့်လို့နေသည်။

" ဟုတ်တယ် ဟျောင်း၊ နီရယ်က ယူအက်စ်က ကျွန်တော့်သူငယ်ချင်းလေ။ ဒါနဲ့ ဘယ်အချိန်ကတည်းက ဂျုံဆောင်းဟျောင်းနဲ့သိသွားတာပါလိမ့်။ "

" ဟင် ? မင်းလည်း မသိဘူးလား ? "

ပါးစပ်က ရုတ်တရက်ဆိုသလို ထွက်သွားတာမို့ ဂျောင်ဝန်းသည် ပြူးပြူးပြာပြာ ဖြစ်သွားရသည်။ ဂျယ်ယွန်းတို့ကတော့ သူတို့အာရုံနဲ့သူတို့မို့ ဖြစ်ပျက်နေတဲ့ သူ့ပုံစံကို သတိမထားမိကြ။

" မသိဘူး။ ဒီကိုရောက်လာမယ်ဆိုတာ အကြောင်းလည်း မကြားဘဲ ဗြုန်းစားကြီး ရောက်ချလာတာ။ အခုလည်း ကြည့်ဦး။ သူငယ်ချင်းဖြစ်သူအနားကို အနားမကပ်ဘဲ ဂျုံဆောင်းဟျောင်းအနားပဲ ကပ်နေတာ။ ဖြစ်သင့်လား ! "

" အင်းလေ၊ မဖြစ်သင့်တာတွေ ! "

မြှောက်ထိုးပင့်ကော်လုပ်နေတဲ့ ဂျောင်ဝန်းကို ဂျယ်ယွန်းက မျက်လုံးစွေကြည့်တော့ သူ မဟုတ်သလိုနဲ့ စပျစ်သီးတွေကို ပါးစပ်ထဲ ကောက်ထည့်နေသည်။ နီခီကတော့ နှုတ်ခမ်းလေး ထော်လို့။ သူငယ်ချင်းအနားကို မလာဘဲ ဂျုံဆောင်းကို ဆန်ပြုတ်ခွံ့လိုက်၊ အသီးကျွေးလိုက် လုပ်နေတဲ့ ဒန်နီရယ်ကို နီခီတင်မဟုတ်ဘဲ သက်ဆိုင်သလိုလိုနဲ့ မသက်ဆိုင်သော သူတစ်ယောက်ကသာ မျက်စောင်းတထိုးထိုးဖြင့်။

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now