Don't Tell You Love Me !

1.4K 239 37
                                    

- UNICODE -

" JSလား Jလား ? "

" ဘာကြီးတုန်း ? "

အရင်းမရှိအဖျားမရှိ မေးလာတဲ့ ဆောနူ၏မေးခွန်းကြောင့် ဂျောင်ဝန်းက နှာခေါင်းရှုံ့ရင်း ပြန်မေးသည်။ ဆောနူက သူ့ဘေးကို ဝင်ထိုင်ပြီး ...

" JSဆိုတာ ဂျုံဆောင်းဟျောင်း၊ Jက ဂျိတ်ခ်ဟျောင်း။ ကဲ ... ဘယ်သူ့ကို ရွေးမလဲ ? "

ကာယကံရှင်တွေထက်တောင် ဆောနူက ထိုအဖြေကို သိချင်နေပုံရသည်။ ဂျောင်ဝန်းဆီမှာ အဖြေရှိနေပေမဲ့လည်း မဖြေချင်ပါ။

" ပတ်ခ်ဂျုံဆောင်းကို ရွေးလိုက်ပြီပေါ့။ "

ဆောနူဆီက စကားသံ ထပ်ထွက်လာတော့ ဂျောင်ဝန်း တခြားဘက်သို့ မျက်နှာမူနေရင်းကနေ ဆောနူကို တစ်ချက် ကြည့်လိုက်သည်။

" အချစ်ဆိုတဲ့အရာကို ထိန်းချုပ်လို့မရဘူး ဆောနူ။ ဘယ်သူ့ကိုတော့ ချစ်ပါ။ ဘယ်ဝါ့ကိုတော့ မချစ်ပါနဲ့ဆိုပြီး လုပ်ယူခိုင်းစေလို့ မရဘူး။ နည်းနည်းတော့ စိတ်လေးနေမိတယ်။ "

" ဂျိတ်ခ်ဟျောင်းအတွက်လား ? "

ဆောနူရဲ့အမေးကြောင့် ဂျောင်ဝန်းက ခပ်သောသော ရယ်ပြီး ခေါင်းခါပြသည်။ အကျင့်မကောင်းဘူးဟု ဆိုကြရင်လည်း မငြင်းလိုပါ။ ဂျိတ်ခ်အတွက် စိတ်မကောင်းမဖြစ်ဘူးလို့လည်း မဟုတ်ပေမဲ့ ဂျိတ်ခ်က သူ့အတွေးထဲမှာ ထိုမျှလောက် အရေးကြီးမနေခဲ့တာတော့အမှန်။

သူ့စိတ်လေးနေမိတာက ပတ်ခ်ဂျုံဆောင်းကိုပဲ။ သူ ချစ်နေမိတဲ့ ပတ်ခ်ဂျုံဆောင်းက အဓိပ္ပါယ်မရှိလွန်းလှတဲ့ စာအုပ်တစ်အုပ်ထဲက ပတ်ခ်ဂျုံဆောင်း ဖြစ်နေခဲ့တယ်ဆိုတာက အတော်လေး ကြောင်တောင်တောင်နိုင်လှသည်။

" ဂျိတ်ခ်ဟျောင်းအတွက် မဟုတ်ရင် ဘယ်သူ့ကိုလဲ ? "

" ရူးကြောင်ကြောင် ပတ်ခ်ဂျုံဆောင်းကိုကျ မချစ်မိဘဲ ယန်းဆောင်းဟွန်းကိုမှ တမ်းတမ်းစွဲ ဖြစ်နေတဲ့ ပတ်ခ်ဂျုံဆောင်းကို ဘာလို့များ သဘောကျမိသွားရတာလဲဆိုတာ နားမလည်နိုင်တော့ဘူး။ "

ပတ်ခ်ဂျုံဆောင်းကိုကျ ရူးကြောင်ကြောင် နိုင်လှပါသည်ဟု ပြောနေပြီး သူကိုယ်တိုင်လည်း ဘာတွေပြောနေမှန်းမသိသော ယန်းဂျောင်ဝန်းကြောင့် ဆောနူက ခေါင်းသာ ခပ်တွင်တွင် ခါမိတော့သည်။ မေးမိတဲ့သူကသာ မှားတာပါလေ။

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now