- UNICODE -
" ပတ်ခ်ဂျုံဆောင်း "
" ဒါဘယ်နေရာလဲ ? ကျွန်တော် ဘယ်ရောက်နေတာလဲ။ ယန်းဂျောင်ဝန်း ! ယန်းဂျောင်ဝန်းကရော ဘယ်ရောက်သွားတာလဲ။ အစောကလေးတင် အတူရှိနေကြတာပါ။ "
အရာအားလုံး အမှောင်ကျသွားပြီး နိုးလာတော့ သူရောက်နေသည်က ဟိုတယ်လ်ရဲ့အခန်းတစ်ခန်းထဲမှာ။ ရုတ်ချည်းဖြစ်ပျက်သွားတာတွေကို နားမလည်တာမို့ ကော်ဖီဆိုင်က တစ်ယောက်အား မေးခွန်းတွေ ထုတ်နေမိသည်။
" ဒီနေရာက မင်းတို့နေတဲ့ ကမ္ဘာလောက မဟုတ်ဘူး။ "
" ဟ ! ဘာတွေလာပြောနေတာလဲ ? ငါတို့နေတဲ့နေရာ မဟုတ်ဘူးဆိုတော့ ဘယ်နေရာလဲ။ ရုတ်ရုတ် ရုတ်ရုတ် လာမလုပ်နဲ့နော်။ တစ်ပတ်လောက် ရေတောင်ထောင်းသောက်သွားရမယ်။ "
ရုပ်တည်ကြီးနဲ့ သူ့အနားသို့ အပြေးရောက်လာတဲ့ သူကြောင့် ဆူဘင်းတစ်ယောက် အနောက်ကို ခပ်မြန်မြန် ဆုတ်လိုက်မိသည်။ ပြောလို့ရတာမဟုတ်။ ရူးကြောင်ကြောင်နဲ့။
" ဘယ်သွားမလို့လဲ ? "
သူ့ကို တွန်းဖယ်ပြီး အခန်းတံခါးကို ဖွင့်ကာ ထွက်သွားဟန် ပြင်နေတဲ့ ဂျုံဆောင်းရဲ့အရှေ့ကို အပြေးသွားလိုက်ကာ မေးလိုက်တော့ မျက်မှောင်ကြုံ့ပြပြန်သည်။
" အိမ်ပြန်မလို့လေ။ ပြီးတော့ ဂျောင်ဝန်းကိုလည်း စိတ်မချဘူး။ တူတူရှိနေရင်းကနေ ဘယ်ရောက်သွားတာပါလိမ့်။ "
" မင်းက ဒီထဲကို ရောက်နေတာပါဆို။ "
" တော်တော် ဟေ့လူ ! ဟိုထဲတွေ ဒီထဲတွေ လာလှိမ့်မနေနဲ့။ အရှေ့ကနေ ဖယ်ပေးစမ်းပါ။ ပြန်ရအောင်လို့။ "
အတင်းတွန်းဖယ်နေမှတော့ ဆူဘင်းလည်း ဆက်ပြောမနေတော့ဘဲ ဖယ်ပေးလိုက်သည်။ သို့သော်လည်း ကံကောင်းတာပဲလား ကံဆိုးတာပဲလား မသိ။ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ နောက်ထပ် မျက်နှာစိမ်းတစ်ခုကြောင့် ဂျုံဆောင်းရဲ့ခြေလှမ်းတွေက ရပ်တန့်သွားရပြန်သည်။
" ဂျုံဆောင်း ဘယ်သွားမလို့လဲ ? "
အနှီလူစိမ်းက သူ့နာမည်ကို သိနေတာပါလား။ သူကတော့ ထိုသူ့အား တစ်ခါမှ မမြင်ဖူးပေ။ မမြင်ဖူးဘူးဆိုပေမဲ့ လုံးဝကြီး စိမ်းသက်နေတာတော့ မဟုတ်။ ဤမျက်နှာပေါက်က မဆိုသလောက် ရင်းနှီးသလိုတော့ ရှိသည်။ ဘယ်မှာ ဆုံဖူးလို့ သူ့နာမည်ကို သိနေပြီး ရင်းရင်းနှီးနှီး လာခေါ်နေတာလဲ။
YOU ARE READING
𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻
Fanfiction" 𝖢𝖺𝗎𝗌𝖾 𝗒𝗈𝗎 𝗅𝗈𝗏𝖾 𝗆𝖾. " | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃