"Kim Seok Jin သူဌေးခေါ်နေပါတယ်ရှင့်"
"ဟုတ်ကဲ့ လာပါပြီ"
Jin အလုပ်လုပ်နေရင်း ခေါ်တယ်ဆိုလို့
သူဌေးအခန်းထဲဝင်သွားသည်"လာမင်းကိုခေါ်တာက ဒီနှစ်မှာအသစ်ထုတ်မယ့်
bran ရဲ့ project ကိုမင်းကိုလုပ်ခိုင်းမယ် မင်းက production ပိုင်းဆိုတော့ ဒါတွေပိုကြွမ်းမယ်ထင်တယ်""ဟုတ်ကဲ့ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"
"အေးအေး မင်းတို့ကလူငယ်တွေဆိုတော့ ပိုအဆင်ပြေတာပေါ့
မင်းဒီproject အောင်ရင် မင်းကိုရာထူးတိုးပေးမယ်""ဟုတ်ကဲ့ဗျ ဝမ်းသာလိုက်တာ ကျွန်တော်အောင်မြင်အောင်လုပ်ပါ့မယ်"
"ပြီးတော့ ဒီ project ကကုမ္မဏီပေါင်းလုပ်မှာ
အဲ့တာအခုသူတို့နဲ့သွားဆွေးနွေးမလို့ မင်းပါလိုက်ခဲ့ရမယ်
ပြင်ဆင်စရာရှိတာပြင်ဆင်ထားပြီးကားနားစောင့်နေ"Jin ရဲ့သူဌေးဟာ Jin အဖေအရွယ်လောက်တော့ရှိသည်
သဘောလည်းကောင်းပြီ သူဌေးပီသလွန်းသည်
Jin ကားနားစောင့်လာစဉ် သူဌေးရောက်လာတော့
ဒရိုက်ဘာနဲ့သူကအရှေ့မှာထိုင်ကာ သူဌေးကအနောက်မှာထိုင်ပြီး
မဟာမိတ်ကုမ္မဏီသို့မောင်းထွက်ခဲ့ကြသည်
သူတို့ရောက်တော့ ကုမ္မဏီက မြင့်မားပြီးကြီးကျယ်လှသည်
Jin ဖိုင်လေးပိုက်ပြီး သူဌေးနောက်လိုက်လာသည်
ဒီကုမ္မဏီရဲ့သူဌေးနဲ့တွေ့ဖို့ အခန်းထဲဝင်လာတော့Jin လက်ထဲကဖိုင်လွတ်ကျသွားပြီး ကျောက်ရုပ်လို
မယုံနိုင်စွာကြည့်နေမိသည်"Kim Seok Jin Kim Seok Jin!"
"ဟုတ်ကဲ့သူဌေးကျွန်တော်တောင်းပန်ပါတယ်"
သူ့စားပွဲမှာထိုင်နေတဲ့ ထို CEO ကုတ်အနက်ရောင်ကိုဝတ်ထားပြီး
သူ့ရဲ့အရင်ကအတိုင်းမျက်လုံးဝိုင်းဝိုင်းလေး မတူတော့တာကသူ့အကြည့်တွေကပိုစူးရှလာတယ် ကျွန်တော်သူ့ကိုသုံးနှစ်ကြာမှ
မထင်မှတ်ပဲ ပြန်တွေ့လိုက်တော့ ကျွန်တော်အသက်ရှူတွေပါ
မဝတော့ဘူး"ကြွပါဗျ Mr.Lin ထိုင်ပါ ခင်ဗျားလည်းထိုင်ပါ Mr.Kim SEOKJin "
Jin ပြောတာကိုဂရုမစိုက်ပဲ မတပ်ရပ်နေသည်
Mr.Lin ကတော့ထိုင်ပြီး
YOU ARE READING
Daffodils_(နှောင်း){ Complete }
Romanceအချစ်ဆိုတာ ကိုယ့်ဖက်ကတစ်ခြမ်းတည်းနဲ့ ပြည့်စုံတဲ့ သက်တန့်မျိုးပဲ ။🌈 ကိုယ့်အချစ်က daffodils ပန်းလေးတွေလိုတစ်ဖက်သတ်ပဲလား?.....🌺. Jinkook,Yoonmin