စင်ကာပူမှကိုရီးယားသို့ စိုက်ရောက်လာသော လေယာဉ်
ထိုလေယာဉ်ပေါ်မှဆင်းသက်လာသော ကောင်လေး"Jimin လေးပြန်လာရတာအဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ် မမ Lina"
"ဘာလို့ပြန်လာတာလဲ"
"ကုမ္မဏီနဲ့ပတ်သတ်တာ အချို့လုပ်ရမှာမို့ မနက်ဖြန်အကုန်လုံးကို meeting ခေါ်လိုက်"
"ဟင်! Jimin လေးက meeting လုပ်မယ်"
"ကျွန်တော်အရွယ်ရောက်နေပြီ ပြီးတော့ ကျွန်တော့်ကုမ္မဏီကိုကျွန်တော်ဦးစီးရမယ်"
"အင်းအင်း အခုတော့သွားကြရအောင်"
Lina ကအရှေ့မှာကားမောင်းပြီး
Jimin ကအနောက်မှာထိုင်ကာ လေဆိပ်မှထွက်လာကြသည်"မမ Lina"
"အင်းပြောလေ"
"အိမ်ကိုမမောင်းပါနဲ့"
"အိမ်ကိုမမောင်းရင် ဘယ်ကိုမောင်းရမှာလဲ"
"Hotel ကိုမောင်းပါ Jimin hotel မှာနေမယ် Jimin အတွက်အိမ်နဲ့ခြံအမြန်ဆုံးရှာပေးပါ ပြီးတော့ကားတစ်စီးရော"
"ဘာလို့အိမ်မှာမနေတာလဲ Jimin ငယ်ငယ်ထဲက
အကိုလေးနဲ့ အဲ့အိမ်မှာပဲတူတူနေခဲ့ကြတာမလား""အခြေအနေနဲ့အချိန်အခါ အရပါ..."
Jimin ကားပြတင်းပေါက်ကိုငေးရင်
"ဟိုရောက်တာ 2နှစ်တောင်မပြည့်သေးဘူး ဟန်းဂုကပြောင်းလဲသွားသလိုပဲ အေးပေါ့ လူတွေပြောင်းလဲတတ်ကြတာပဲ"
Lina ကားမှန်ကနေ Jimin ကိုကြည့်တော့
Jimin ကမျက်နှာမကောင်းတဲ့ပုံစံလေးဖြစ်နေသည်"Jimin ဘာလို့ဒီကိုရုတ်တရက်တစ်ယောက်ထဲပြန်လာတာလဲ
အကိုလေးကိုဘာလို့မခေါ်လာတာလဲ""သူဟိုမှာအလုပ်ရှုတ်နေလို့ပါ"
"Jimin လေးရောက်ပြီ Seoul မြို့ရဲ့အကောင်းဆုံး hotel VVIP အခန်းငှားပေးထားတယ် လိုတာရှိရင်မမကိုဖုန်းဆက်လိုက် Jimin ပင်ပန်းလာပြီကောင်းကောင်းအနားယူလိုက်ပါအုံး"
"ဟုတ်ကဲ့"
Lina ထွက်ပြီး Jimin hotel ပေါ်တက်ပြီး
အခန်းထဲဝင်ကာ ပစ္စည်းတွေထားပြီး
မွေ့ယာပေါ်စိတ်ပျက်လက်ပျက်လှဲချလိုက်သည် ခဏကြာတော့
YOU ARE READING
Daffodils_(နှောင်း){ Complete }
Romanceအချစ်ဆိုတာ ကိုယ့်ဖက်ကတစ်ခြမ်းတည်းနဲ့ ပြည့်စုံတဲ့ သက်တန့်မျိုးပဲ ။🌈 ကိုယ့်အချစ်က daffodils ပန်းလေးတွေလိုတစ်ဖက်သတ်ပဲလား?.....🌺. Jinkook,Yoonmin