(နှောင်း)🌺29

2.6K 218 20
                                    

"ဒေါက် ဒေါက် ဒေါက်"

"သားကြီးရေ သားအဖေပြန်လာပြီးညစာလာဆင်းစားအုံး"

သူ့အမေခေါ်တော့တံခါးဖွင့်ကာ ထမင်းစားခန်းထဲဝင်လာသော SEOKJin

"မင်းမပြန်သေးဘူးလား!"

ထမင်းစားပွဲမှာအမြွှာနှစ်ယောက်နဲ့ထိုင်ဆော့နေသော jk

"လူကြီးကလည်းကျွန်တော့်ကိုမောင်းထုတ်ဖို့ပဲ"

Jin အမေမှ

"ကဲသားကြီးရယ်ဘာတွေစိတ်ဆိုးနေတာလဲလာထိုင်စားစမ်းပါ"

Jin ဆူပုတ်ပုတ်နဲ့ jk ဘေးနားဝင်ထိုင်လိုက်သည်
Jin အဖေက သူ့သားကိုကြည့်ပြီး jk ဘက်လှည့်ကာ

"ဟေ့ကောင် မင်းငါ့သားစိတ်ဆိုးအောင်ဘာတွေလုပ်ထားတာလဲ"

ထိုချိန် jk အမေမှဝင်ပြောသည်

"အော် အဖေကြီးရယ် ချစ်သူရည်းစားအချင်းချင်းစိတ်ကောက်စိတ်ဆိုးကြတာ သဘာဝ‌ပဲလေ"

Jk ဟင်းခွက်ထဲကကြက်သားတစ်တုံးကိုနှိုက်ကာ Jin ပန်းကန်ထဲထည့်ပေးသည်

"လူကြီး ဒီမှာအလုပ်တွေတော်တော်လုပ်နေရတယ်ကြားတယ် အားရှိအောင်စား"

Jin ကြက်သားတုံးကို jk ပန်းကန်ထဲပြန်ထည့်လိုက်သည်

"မစားဘူး မင်းကိုယ့်ပကိုယ်စား"

Jk မျက်နှာလေးညိုးသွားပြီး ပြန်ပြုံးကာ

"ရော့ပါ လူကြီးအတွက်လို့ စားပါဆို"

ကြက်သားတုံးကို Jin ပန်းကန်ထဲပြန်ထည့်ပေးသည်

"မစားဘူးလို့"

Jin jk ပန်းကန်ထဲပြန်ထည့်သည်

"စားပါလို့ဆို"

Jk ပြန်ထည့်ပေးသည်

"မစားပါဘူးဆို"

Jin ကြက်သားတုံးကို jk ပန်းကန်ထဲပြန်ထည့်သည်

"စားလို့"

Jk Jin ပန်းကန်ထဲကြက်သားတုံးပြန်ထည့်သည်

"ငါမစား....."

"ကဲ! ပြီးတော့မှာလားဒီနေ့ မင်းတို့လုပ်တာနဲ့အလည်ကကြက်သားတုံးကလုံးလည်ချာလည်လိုက်နေပြီ"

Daffodils_(နှောင်း){ Complete }Où les histoires vivent. Découvrez maintenant