(နှောင်း)🌺12

2.4K 215 10
                                    

"တင်းတောင်...."

"ဘယ်သူလဲ အာ တက်တူးတွေနဲ့ကိုကြီး"

Jk Jin တို့ကွန်ဒိုအခန်းရှေ့ရောက်လာတာဖြစ်သည်

"မင်းအကိုရော"

"အကိုရေချိုးနေလို့"

"အထဲဝင်ထိုင်လို့ရတယ်မလား"

"အော်ဟုတ် ဝင်ခဲ့ပါ"

Jk အခန်းထဲဝင်လာသည်
မောင်နှမနှစ်ယောက်ထဲနေတာအပြင်
အကိုကလည်းသပ်သပ်ရပ်ရပ်နေတတ်သူမို့
အိမ်ကသန့်ရှင်းသပ်ရပ်နေသည် အိမ်တစ်ခုလုံးကိုလည်း
မိန်းခလေးဆန်ဆန်အရောင်နုတွေပဲသုံးထားသည်
မသိရင်ဒီမှာ ယောကျာ်းလေးတောင်မနေတဲ့အတိုင်းပဲ

"ကိုကြီးထိုင်အုံးနော် အကိုကရေချိုးရင်နည်းနည်းကြာတယ်"

"အော်အင်း"

"ကော်ဖီသောက်အုံးမလား"

"အင်း"

"ဟုတ်ခဏလေးနော်"

Jin ညီမကော်ဖီဖျော်ဖို့မီးဖိုခန်းသွားချိန်

"နေအုံးညီမ ကော်ဖီကိုနှစ်ခွက်ဖျော်ပေးပါလား"

"အော်ရပါတယ် ညီမကမသောက်တော့ဘူး"

"ညီမအကိုအတွက်ပါ"

"အော်......အင်းပါ"

Jin ညီမ‌မီးဖိုခန်းထဲဝင်ပြီး ကော်ဖီသွားဖျော်သည်
Jk ဆိုဖာပေါ်မှာထိုင်နေရင်း ဘေးကစားပွဲကိုကြည့်တော့
Jin နဲ့ သူ့ညီမပုံ သူကတောင်ပိုနုနေသေးသည်

"ချစ်စရာလေးပဲ"

"ညီမကိုတွေ့တိုင်းလူတိုင်း ချစ်စရာလေးလို့ပြောကြပါတယ် ဟီးဟီး"

"အကိုက ညီမအကို ကိုပြောတာ"

Jin ညီမ ကော်ဖီဖျော်ပြီး ထွက်လာတာဖြစ်သည်

"အော် ဟုတ် ဒီမှာကော်ဖီပါ"

"အင်းကျေးဇူးနော်"

"ညီမသင်တန်းသွားစရာရှိလို့သွားလိုက်အုံးမယ်
အကိုခဏနေထွက်လာလိမ့်မယ်"

Jin ညီမသင်တန်းသွားဖို့ထွက်သွားသည်

Jk တစ်အိမ်လုံးကို လိုက်ပတ်ကြည့်နေချိန်

"အငယ်မ.......အငယ်မ!"

ရေချိုးခန်းထဲက Jin သူ့ညီမကိုလှမ်းခေါ်နေတာဖြစ်သည်

Daffodils_(နှောင်း){ Complete }Donde viven las historias. Descúbrelo ahora