တိတ်ဆိတ်နေသော လမ်းမထက်
ကျွန်တော်တစ်ယောက်ထဲလျှောက်လာခဲ့တယ်
ခြေလှမ်းတွေကတော့ အိမ်ကိုဦးတည်နေတယ်
အိမ်တံခါးဖွင့်လိုက်တာနဲ့ ကျွန်တော့်ကိုအပြေးလာကြိုတဲ့
မာရှဲဆိုတဲ့ ကျွန်တော့်ရဲ့ခွေးလေးကျွန်တော့်မှာအဖော်ဆိုလို့သူပဲရှိတာပါ
မိသားစုကတော့နယ်မှာပါ ကျွန်တော်ကမြို့တက်ပြီး
ကိုယ်ပိုင်အိမ်ခြံလေးနဲ့ တစ်ယောက်ထဲကျောင်းလာတတ်တာ
ကျွန်တော်ကအပင်စိုက်ဝါသနာပါလို့ ကျွန်တော့ခြံထဲမှာတော့ အပင်တွေအပြည့်ပဲ သူငယ်ချင်းတွေကပြောကြတယ်
ကျွန်တော့်ကိုရည်းစားမထားဘူးလားတဲ့
ကျွန်တော့်ကို နှစ်ပေါင်းများစွာကြိုက်နေတဲ့ Namjoon
နဲ့လည်းတွဲကြဖို့ပြောတယ် ကျွန်တော်ကသူ့ကို သူငယ်ချင်းလိုပဲ
သဘောထားတာပါ အခုထိတော့ကျွန်တော်ချစ်ရမယ့်သူမတွေ့သေးဘူးထင်ပါတယ်"Kim Seok Jin !"
"Kim Seok Jin!"ကျွန်တော်ပြတင်းပေါက်ကနေကြည့်တော့ lemin ဆိုတဲ့တစ်ယောက် ပထမနှစ်ထဲကနှောက်ယှက်နေတာ အခုတတိယနှစ်ထိ
သူ့ကိုမချစ်ဘူးလို့လဲပြောပြီးပြီကို အခုလည်းဘာလုပ်ဖို့ခေါ်နေပြန်ပြီလဲမသိ"Kim Seok Jin ထွက်လာခဲ့"
"ကျွန်တော် အရမ်းးးးချစ်ရပါသော Kim Seok Jin shii"ဒုက္ခပါပဲ ဘေးအိမ်တွေကလည်း ထွက်ကြည့်ကုန်ကြပြီ
မသတ်သာတဲ့အဆုံး Seok Jin ထွက်လာရသည်
Seok Jin ထွက်လာပြီးအိမ်ရှေ့ရောက်ရင်ပဲ
အတင်းအားတမလာဖတ်သည်"မင်းဘာလုပ်တာလဲ လွှတ်!"
SEOKJIN သူ့ကိုတွန်းထုတ်လိုက်သည်"ကျွန်တော့်ကိုတွန်းတယ်"
Lemin ပြန်လာပြီး Seok Jin ကိုအတင်းဖတ်ပြန်သည်"မင်း!"
"ခွပ်!""ငါ့အိမ်ရှေ့ကထွက်သွား မဟုတ်ရင်မင်းကိုရဲတိုင်လိုက်မှာ"
"ဟားးးဟားးးခင်ဗျားကျွန်တော့်ကိုရဲတိုင်ရင် ခင်ဗျားမတိုင်ခင်ကျွန်တော်ခင်ဗျား ကိုသတ်ပြစ်မှာပေါ့ ဟားးဟားးဟားး"
"မင်းအရူးပဲ!"
သူ့စကားတွေကတစ်ခါတစ်လေတော့ ကျွန်တော့်ကိုထိတ်လန့်စေသည် ကိုယ်ထိလက်ရောက်စော်ကားရုံသာမက စကားပေါင်းစုံနဲ့လည်းစော်ကားတယ် ညဘက်တွေဆိုလည်းဖုန်းတွေတကွမ်ကွမ်အမြဲဆက်လို့ ဖုန်းပိတ်အိပ်ကတယ် ကျွန်တော်လည်းစိတ်ကျဉ်းကျုပ်တယ် လွတ်လွတ်လပ်လပ်မနေရဘူး တစ်ခါတစ်လေ သူ့အပြုအမူတွေကြောင့် ငိုခဲ့ရတာတွေလည်းရှိတယ်
VOUS LISEZ
Daffodils_(နှောင်း){ Complete }
Roman d'amourအချစ်ဆိုတာ ကိုယ့်ဖက်ကတစ်ခြမ်းတည်းနဲ့ ပြည့်စုံတဲ့ သက်တန့်မျိုးပဲ ။🌈 ကိုယ့်အချစ်က daffodils ပန်းလေးတွေလိုတစ်ဖက်သတ်ပဲလား?.....🌺. Jinkook,Yoonmin