သားလေး
ဟုတ် ဒယ်ဒီပြောလေ
ဒယ်ဒီတို့ကုမ္ပဏီက ပိုက်ဆံတချို့ ကို ဒယ်ဒီအပြင်စီးပွားလေးတခုလုပ်လိုက်တာ အလိမ်ခံလိုက်ရတယ် သား အခု ကုမ္ပဏီကလဲ အခြေမခိုင်တော့ဘူး ဒါမဲ့ ဒယ်ဒီတို့ကို ကူညီမယ့်သူရှိတယ်သား
ဘယ်သူလဲ ဒယ်ဒီ
ဒယ်ဒီသူငယ်ချင်းလင်မယား သူငယ်ချင်းကတော့ ဆုံးသွားပီသား သူနဲ့ ဒယ်ဒီတို့ ကတိထားထားကြတယ်သား
ဘာကတိလဲ ဒယ်ဒီ
သားနဲ့ သူတို့သားလေးနဲ့ လက်ထပ်ပေးဖို့ပဲ သား
ဗျာ
ဟုတ်တယ် သား ညနေက Jar ဖုန်းဆက်တယ် သူ့သားလေးကလဲ လက်ခံတယ်တဲ့ ပီးတော့ ကုမ္ပဏီ ကိစ္စကိုလဲ သူတို့ကူညီမှာသား သားနဲ့လက်ထပ်ပီးရင် သူ့တို့သားလေးကပဲ ဦးစီးပေးလိမ့်မယ် သားလေးလဲ တူတူလုပ်ပီး သင်ယူပေါ့ သားဆန္ဒကိုဒယ်ဒီဦးစားပေးမှာပါ သားဘက်ကငြင်းချင်ရင်ရတယ် သား
သားဘက်က ငြင်းလိုက်ရင် ကုမ္ပဏီကိစ္စ ဒယ်ဒီဘယ်လိုဖြေရှင်းမလဲဒယ်ဒီ
ဒယ်ဒီတို့အိမ်လေးကိုပေါင်ရမှာပေါ့သားရယ်
သားလက်ခံတယ် ဒယ်ဒီ
ဟင်
ဟုတ်တယ် ဒယ်ဒီ မာမီခေါင်းချသွားတဲ့အိမ်လေးကို အဆုံးရှုံး မခံနိုင်ဘူး ပီးတော့ သားတတ်နိုင်သမျှ ကြိုးစားပီး အရင်လို အဆင်ပြေပြေ ပြန်နေနိုင်အောင် သားကြိုးစားမယ်
ဝမ်းသာလိုက်တာ သားရယ် အာ့ဆို ဒယ်ဒီ ဟိုဘက်ကို အကြောင်းပြန်လိုက်မယ်နော် သား
ဟုတ်ဒယ်ဒီ
သား
ဟုတ်မာမီ
ဟို ဘက်က အကြောင်းပြန်တယ် သား လက်ခံတယ်တဲ့
အင်း
အာ့ဒါ မာမီ မနက်ဖြန် ညစာ အပြင်မှာ ထွက်စားရင်း သားလေးတို့လဲ စကားပြောလို့ရအောင် ချိန်းထားတယ် သား
ဟုတ်မာမီ
နောက်တနေ့
မာမီ သားသွားတော့မယ်
အေးအေး သား ညနေ နောက်မကျနဲ့နော်
ဟုတ် မာမီ
ကောင်လေးတယောက်ဟာ သူချစ်တဲ့သူရဲ့ ပုံလေးကိုကြည့်ပြီး မျက်ရည် ကျနေတယ်
ညနေရောက်တော့
N jar
P jam လာထိုင်
သားလေးက အချောလေးပဲ ချစ်စရာလေးကွယ်
ဟုတ်ကဲ့
Jar သားလေးရော
သားလေးက အလုပ်ကတန်းလာမှာ P
အင်း
အော် ဟိုမှာ သားလေးလာပီ
လာ သားလေးထိုင်
ကဲ သားလေး အန်တီ မိတ်ဆက်ပေးမယ်နော်
ဒါအန်တီ သား Perth
perth ဆိုတဲ့ နာမည်ကြားလိုက်တော့ ငုံ့နေလျက်ရှိတဲ့ခေါင်းလေးဟာမော့လာပီး အံ့သြနေမိတယ်
သားperth ဒါ သားsaintတဲ့
ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် N
ဟုတ်ကဲ့
ကဲမိတ်ဆက်ပီးပီဆိုတော့ ကျွန်မ စကားဆက်ပြောချင်ပါတယ် ကျွန်မအနေနဲ့ သားဘေးတို့ကို အမြန်ဆုံး လက်ထပ်ပေးချင်တယ် အကို့သဘောကရော
မာမီ မမြန်လွန်းဘူးလား
မမြန်ပါဘူး သားရယ် နောက်တောင် ကျနေသေးတယ်
အကို့သဘောကရော အကို
ညီမတို့ သဘောအတိုင်းသာ လုပ်ပါ ရပါတယ်
မာမီ သားတခုပြောချင်တယ်
ပြောလေ သား
မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘူး အသိနည်းနည်းလောက်ပဲ ဖိတ်ပီးဧည့်ခံပွဲပဲ လုပ်မယ် မာမီ ပီးတော့သားတို့အိမ်ခွဲနေမယ် မာမီ
အိမ်ခွဲနေတာတော့ဟုတ်ပါပီ ဘာလို့ပွဲကိုမလုပ်ချင်တာလဲ သား
လူရှုပ်တာ သားမကြိုက်ဘူး မာမီ
အာ့ဆို သားsaintသဘောကရော
အကို့သဘောပါပဲ
အေးပါကွယ် မင်းတို့ စိတ်ချမ်းသာရင် ပီးရော အာ့ဆို မာမီ အမြန်ဆုံး မင်္ဂလာပွဲ စီစဉ်လိုက်မယ်နော်
ဟုတ်ကဲ့

YOU ARE READING
ရောင်နီဦးဆီသို့
ActionPerthsaint စိတ်ကူဖြင့်ရေးသားပါသည် အမှားပါက ခွင့်လွှတ်ပေးပါရှင့်