မင်္ဂလာဧည့်ခံပွဲကို ခြံလေးထဲမှာပဲ လုပ်လိုက်တယ်
သားလေး ဒယ်ဒီပြန်တော့မယ်
ဒယ်ဒီ
လိမ္မာတယ် သားလေး ဒယ်ဒီ လာလည်မှာပါ ပီးတော့ ဒယ်ဒီ့စကားကိုနားထောင်တဲ့သားလေး ကံကောင်းမှာပါ ဒယ်ဒီ ပြန်တော့မယ်နော်
ဟုတ်ကဲ့
N ရေ အကို သွားတော့မယ်
အော် ဟုတ်ကဲ့ အကို အကိုလဲ ပင်ပန်းသွားပီ အိမ်က ဒရိုင်ဘာကို လိုက်ပို့ခိုင်းလိုက်မယ် အကို ခဏနော်
မောင်ဝင်းရေ လာပါဦး
ဟုတ်ကြီးမေ
ဒီမှာ မင်းဦးလေးကို ပြန်လိုက်ပို့လိုက်ပါဦးကွယ်
ဟုတ်ကဲ့ ကြီးမေ
သားတို့ သွားပြီနော်
ဟုတ်ကဲ့
ကဲ သားလေးတို့လဲ သွားနားတော့
ဟုတ်ကဲ့
perthနဲ့saint လဲ အခန်းထဲသို့ ဝင်လာခဲ့ကြတယ်
အကို
အင်း
အကို ရေအရင်ချိုးမလား
မချိုးသေးဘူး ခဏနားလိုက်ဦးမယ်
ဟုတ်ကဲ့ အာ့ဆို ကျွန်တော်သွားချိုးလိုက်ဦးမယ်နော်
အင်း
saintလဲ ရေချိုးပြီး ပြန်ထွက်လာပြီး အဝတ်အစားလဲ နေတုန်းperthဝင်လာခဲ့တယ်
အကို ဟိုဘက်ခန်းမှာ သွားချိုးလိုက်တာလား
အင်းဒီမှာ
ဘာကြီးလဲ အကို
ဖတ်ကြည့်
ပေးလာသော စာအုပ်လေးကို ဖတ်ကြည့်လိုက်တော့ ကွာရှင်းစာချုပ်ဖြစ်နေတယ်
ဒါ ကွာရှင်းစာချုပ်ကြီး ပဲ ဘာဖြစ်လို့ ကျွန်တော့်ကို
saintစကားမဆုံးသေးဘဲ perthဖြတ်ပြောလိုက်တယ်
အာ့မှာ ငါလက်မှတ်ထိုးသားပီးသား မာမီ စိတ်ချမ်းသာဖို့နဲ့ ဒယ်ဒီရဲ့ကတိမပျက်စေချင်တာရယ်ကြောင့် မင်းကို လက်ထပ်ခဲ့တာ ငါ ဒီလက်ထပ်ပွဲကို စိတ်မဝင်စားခဲ့ဘူး မင်းနဲ့ငါ တနှစ် ပြည့်တဲ့အခါကျရင် မင်းလက်မှတ်ထိုးပေးရုံပဲ အာ့ကြောင့် ကြိုပီး ငါ့ဘက်ကထိုးပေးတာ ပီးတော့ ငါ့ကိစ္စတွေထဲလဲ မင်း ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး မင်းကိစ္စတွေထဲလဲ ငါမပါဘူး ငါ့မှာ ချစ်ရမယ့် သူရှိတယ် နောက်နေ့ ငါတို့အိမ်ခွဲနေမှာဆိုတော့ အာ့ကျမှပဲ အခန်းခွဲအိပ်တာပေါ့ အခုတော့ မင်း ဒီည ဒီအခန်းမှာပဲအိပ်လိုက်ပါ မင်းပြောစရာရှိသေးလား
အကို့ဘက်က ကြိုတင် စီစဉ်ထားခဲ့တာ ပဲ အကို့မှာချစ်တဲ့သူရှိတာ ကျွန်တော်မသိခဲ့တာ အမှန်ပါ ဒယ်ဒီစီစဉ်တာကို ကျွန်တော်လက်ခံခဲ့တယ် မင်္ဂလာဦးညမှာ ပဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရလိမ့်မယ်လို့ တခါမှမတွေးခဲ့မိဘူး ရပါတယ် ကျွန်တော် တနှစ်ပြည့်တဲ့နေ့ ထွက်သွားပေးပါမယ် ကျွန်တော် အောက်ခဏ သွားလိုက်ဦးမယ်
မျက်ရည်တွေနဲ့ ပြောပြီး ထွက်သွားသော ကောင်လေးကို သနားမိပေမဲ့ မတတ်နိုင်ခဲ့
သားလေး မအိပ်သေးဘူးလား ပင်ပန်းနေတာကို
ဟုတ် အန်တီ
ဘာ အန်တီတုန်းကွယ့် မာမီလို့ခေါ်လေ
ဟုတ် မာမီ
မျက်နှာလဲ မကောင်းပါလား နေမကောင်းဘူးဘား သားလေး
မဟုတ်ပါဘူးမာမီ
မာမီ
အင်းပြောလေ သားလေး
ဘာမှ မဟုတ်တော့ပါဘူး မာမီ
မာမီရော မအိပ်သေးဘူးလား
အိပ်တော့မှာကွယ့် နည်းနည်းညောင်းနေလို့ ဆေးဗူးလာယူတာ
အာ့ဆို ကျွန်တော် လိမ်းပေးမယ်နော်
မာမီကိုဆေးလိမ်းပြီး အခန်းထဲ ပြန်ဝင်လာတော့ အိပ်ယာပေါ်မှာလှဲနေသော အကို့ကို တွေ့လိုက်တယ်
ကျွန်တော်လဲ အိပ်ရာပေါ် ဝင်လှဲလိုက်တယ် ခဏအကြာတော့ အကို က မီးပိတ်လိုက်တယ်
အကို
အင်း
ဟို မီးဖွင့်အိပ်လို့ရမလား ကျွန်တော်မှောင်ရင် မအိပ်တတ်လို့
ငါ အလင်းမကြိုက်ဘူးလို့တခွန်းပြောပြီး ဟိုဘက်လှည့်သွားခဲ့တယ်
အမှောင်ကြောက်သော ကောင်ဘေးတယောက်ဘာမှမပြောတော့ဘဲ တညလုံး ငုတ်တုတ်လေးထိုင်ပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့တယ်

YOU ARE READING
ရောင်နီဦးဆီသို့
ActionPerthsaint စိတ်ကူဖြင့်ရေးသားပါသည် အမှားပါက ခွင့်လွှတ်ပေးပါရှင့်