Part 4

13 3 0
                                    

နောက်နေ့မနက် perth အစောကြီး နိုးလို့ ရေချိုးပြီးလို့ ပြန်ထွက်လာတော့ ဟိုကောင်လေးက အခုမှ နိုးတဲ့ပုံနဲ့

အကို နိုးနေတာကြာပီလား

မကြာသေးဘူး

ဟုတ် ကျွန်တော် ညက အိပ်မပျော်လို့ နောက်ကျသွားတယ်  အကို ကုမ္ပဏီသွားတော့မလား

ဒီနေ့မသွားဘူး ဟို ဘက်အိမ်ကိုပြောင်းကြမယ် မင်း အဆင်သင့်လုပ်ထား

ဟုတ်ကဲ့

ဟုတ်ကဲ့ပြောပြီး ဗီဒိုဆီ  သွားပီး အင်္ကျီ နဲ့ဘောင်းဘီ တစုံ ထုတ်လာခဲ့တယ်ကိုယ်လဲ သူဘာလုပ်နေတာလဲ ဆိုပြီးကြည့်တော့

ရော့ အကို

အာ့ဒါဘာလဲ

အကို ဝတ်ဖို့ ထုတ်ပေးတာပါ

ရတယ် ငါ့ဘာသာ လုပ်မယ်

အကို ကျွန်တော်တို့ စည်းကမ်းချက် ထဲ မှာ ဒီလိုမျိုး မလုပ်ပေးဖို့မပါဘူး အာ့ကြောင့်  ကျွန်တော် လက်ရှိမှာတော့ တာဝန်လေးကျေချင်တယ် အကိုမကြိုက်လို့ မဝတ်ချင်လဲ ရပါတယ် ကျွန်တော်က ပုံမှန်လုပ်ပေးနေမှာပါ

စကားတွေတရစပ်ပြောပီး ရေချိုးခန်းထဲ  ဝင်သွားတယ်

အဝတ်အစားလဲပြီးတော့ အောက်ထပ်ကို ဆင်းလာတော့ မာမီက မေးတယ်

သားလေး ငါ့သားမက်လေးရော မနိုးသေးဘူးလား ပင်ပန်းသွားတယ် ထင်တယ် 😁

ခဏနေ ဆင်းလာလိမ့်မယ် မာမီ

အေးအေး

ရေချိုးခန်းထဲက ထွက်လာတော့ အကိုမရှိတော့ဘူး ကုတင်ပေါ်မှာ ကျွန်တော် ထုတ်ပေးထားတဲ့ အဝတ်အစားလေးက ကျွန်တော် ထားခဲ့တဲ့အတိုင်းလေးရှိနေတယ်

ဟက် လျစ်လျူရှုတာ အရင် အတိုင်းပါပဲလား အကို

ကိုယ်လဲ အဝတ်အစားလေးကို ဗီဒိုလေးထဲ သေချာပြန်ထည့်ပီး အောက်ဆင်းလာခဲ့တယ်

ဟော သားငယ်လေးလာပီ

လာသား လာစား ဒီမှာ သားကြိုက်မယ်ထင်တာလေးတွေတော့လုပ်ထားတယ်

ရပါတယ် မာမီ

မာမီ ကျွန်တော်တို့ ဒီနေ့ အိမ်ပြောင်းမယ်

ရောင်နီဦးဆီသို့Where stories live. Discover now