Part 5

13 3 0
                                    

ရောက်ပီ ဆင်းတော့

ဒီအိမ်လား အကို

အင်း

wow အကြီးကြီးပဲ

အကို့ စိတ်တိုင်းကျ ဆောက်ထားတယ် ကြားတယ် ဟုတ်လား အကို

အင်း

အပေါ်ထပ်ကိုရောက်တော့ မင်းက ဒီအခန်းမှာနေ လေ

အကို ကရော

ငါက ဟို ဘက်အခန်းမှာ အခန်းပိုတော့မရှိဘူး အိပ်ခန်း ၂ ခန်းပဲ ငါလုပ်ထားတယ် ကျန်တာ က စာဖတ်ခန်းနဲ့ အလုပ်ခန်းပဲရှိတယ်

ဟုတ်အကို

အကို က သူပြောပြီးတော့ သူ့အခန်းထဲ ဝင်သွားတယ်

ကျတော် အဝတ်အိတ်ကို အခန်းထဲ ကမန်းကတန်းချပီး အကို့ အခန်းတံခါးကို သွားခေါက်လိုက်တယ်

ဒေါက် ဒေါက်

အကို ကျတော်  ဝင်လာမယ်နော်

ဘာအသံမှမကြားလို့ တံခါးကို အသာလေးဖွင့်ကြည့်တော့ ဆိုဖာပေါ်မှာမှီပီး မျက်လုံးမှိတ်နေတဲ့ အကို့ကို တွေ့လိုက်တယ်

အကို နေမကောင်းဘူးလား ခေါင်းကိုက်လို့လား ကျတော် သံပုရာရည်လေး ဖျော်ပေးရမလား

မင်း ငြိမ်ငြိမ်နေလို့မရဘူးလား အာ့လောက် ပျာယာ ခတ်မနေနဲ့ မျက်စိနှောက်တယ်

ပြောမဲ့ စကားတွေက တစ်စို့ သွားခဲ့တယ် စိတ်ပူလွန်ပြီးပြောမိတာက သူ့အတွက် မျက်စိနောက်စရာ ဖြစ်သွားတယ်

မင်း ဘာလာလုပ်တာလဲ

ဟို ကျတော် အကို့အဝတ်တွေကို ဗီဒို ထဲ လာထည့်ပေးတာပါ အကို

အင်း အာ့ဆိုလဲ ထည့်လေ မနက်ဖြန် ငါနဲ့ ကုမ္ပဏီလိုက်ခဲ့ မင်းကို သင်ပေးစရာရှိတာတွေ သင်ပေးမယ်

ဟုတ် အကို

အင်္ကျီတွေ ထည့်ပြီး အောက်မှာ အကို့အတွက် ညစာလေးချက်နေလိုက်တယ်

အကို ရေချိုးပီးတော့ ညအိပ် ဝတ်စုံလေးနဲ့ ဆင်းလာတဲ့ သူက  အရင် က ပုံစံလေး အတိုင်းပဲ  ဘာမှမပြောင်းလဲဘူး
မင်း ငါ့ကို ဒီလိုပဲ ဆက်ငေးနေတော့မှာလား

မဟုတ်ပါဘူး အကို ဒီမှာ အကို ကြိုက်တဲ့ ဝက်ပင်စိမ်းကြော်လေးချက်ထားတယ် ပီးတော့ ဒီမှယ ခရုသုပ်လေးရော အကို ပီးတော့ တုန်ယမ်းလေးရော အကို

ရောင်နီဦးဆီသို့Where stories live. Discover now