သားလေး ဘယ်တော့ပြန်လာမလဲ
သား နောက်၃ရက်လောက်နေရင်ပြန်လာမယ် ဒယ်ဒီ
အင်း
သားပြန်လာတဲ့ အခါမှပဲ ပြောကြတာ ပေါ့
ဟုတ် ဒယ်ဒီ အာ့ဆို ဒါပဲနော်
အေးအေးသား
သား
ဗျာ မာမီ
ကုမ္ပဏီ က အဆင်ပြေရဲ့လား
ပြေပါတယ် မာမီ
ဘာပြောစရာရှိလို့လဲ မာမီ
သား ဒယ်ဒီရဲ့ သူငယ်ချင်းရဲ့ သားနဲ့ သားကို အိမ်ထောင်ချပေးချင်လို့ သားဒယ်ဒီ မဆုံးခင်ထဲက သူတို့ကတိထားခဲ့ကြတာ
မျက်နှာမကောင်းသော သားကိုကြည့်ပြီး
သားမှာ ချစ်သူရှိနေပြီလား သား
မရှိပါဘူး
အင်း သူတို့ မိသားစုလေးက အခု နည်းနည်း စီးပွားရေးလေး ယိုင်နေပီ သူတို့မှာက သားလေးတယောက်ထဲရှိတာ မာမီသဘော က စားလေးနဲ့လက်ထပ်ပေးပီး သူတို့ကို သားက ဦးစီးပေးပီး စီးပွားရေးကိုပြန်လည်ပတ်လာအောင်လုပ်ပေးစေချင်တယ် သားဒယ်ဒီရဲ့ကတိကိုလဲ မာမီ မဖျက်ချင်ဘူး ဒါမဲ့ သား အဆင်မပြေရင် မာမီ ဖျက်ပေးမှာပါ
ရပါတယ် မာမီ သား လက်ခံပါတယ်
ကျေးဇူးပါ သားရယ် သားသွားနားတော့လေ
ဟုတ်မာမီ
ပြန်ရမယ့်အချိန်ထက်စောပြီး ပြန်လာပြီး ဒ်ာဒီမသိအောင် surprise လုပ်ဖို့ အိမ်ထဲအဝင်
ဆရာ ဒီလ ဘတ်ဂျက် ထိသွားတော့ ကုမ္ပဏီက တော်တော် ယိုင်သွားတယ် ဆရာ ပီးတော့ ဝန်ထမ်းတွေ လစာ တွေလဲ ရှင်းပေးရဦးမယ် ဆရာ
အင်းပါ ငါ ဒီအိမ်လေးပေါင်ပီး ရှင်းပေးပါမယ်
ဒီကြားထဲ အဆင်ပြေအောင်လေး ထိန်းပေးထားပါဦးကွာဟုတ်ဆရာ အာ့ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး
အင်း
ဒယ်ဒီရဲ့ အတွင်းရေးမှူး ပြန်ထွက်လာတဲ့အခါ အမြင်အောင်ပုန်းနေလိုက်တယ်
အိမ်ရဲ့အဆင်မပြေမှုတွေကို မသိခဲ့ဘဲ ကျောင်းဆက်တက်ပြီး အိမ်ထောက်ပံ့တာနဲ့ အေးဆေးလေးနေမိခဲ့တယ် အခု မာမီ ခေါင်းချခဲ့တဲ့အိမ်လေးကို ပေါင်ရတော့မယ်လို့တွေးရင် စိတ်ထဲ မကောင်းဖြစ်မိတယ် မျက်နှာ အမူအရာကို ပြန်ထိန်းပီးအိမ်ထဲဝင်ခဲ့တယ်
ဒယ်ဒီ
ဟာ သားလေး နောက်ရက်မှ ပြန်လာမှာဆို
ဟီး surprise လုပ်တာ
ဝမ်းသာလိုက်တာ သားရယ် ငါ့သားလေးပိုချောလာပါလားကွ
ဒါပေါ့
ဟားဟား အေးပါကွာ
ကဲ သားလေးသွားနားလေ ပင်ပန်းလာရောပေါ့
ဟုတ် ဒယ်ဒီ အာ့ဆို သား သွားနားဦးမယ် နော်
အေး
သားဖြစ်သူ အပေါ်ထပ်တက်သွားပီးတော့ ဖုန်းဝင်လာခဲ့တယ်
အကိုJam
ဟုတ် N Jar
ကျွန်မသားလေးက လက်ထပ်ဖို့ သဘောတူတယ် ပီးတော့ ကုမ္ပဏီ ကိစ္စအတွက်ဘာမှမပူနဲ့ ကျွန်မဖြေရှင်းပေးမယ် နောက်ဆို ကျွန်မတို့က ခမည်းခမက်ဖြစ်လာတော့မှာ ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ပီးတော့ အမ ခေါင်းချခဲ့တဲ့အိမ်ကိုလဲ မပေါင်ပါနဲ့ပီးတော့ သားလေးကလဲ လက်ထပ်ပီးရင် ကုမ္ပဏီကို ဆက်ဦးစီးပေးလိမ့်မယ်
ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်N Jar
ကျေးဇူး ဘယ်တော့မှမမေ့ပါဘူး သားလေးကိုလဲ လက်ထပ်မယ့်ကိစ္စပြောလိုက်ပီး အကြောင်းပြန်ပါမယ်N Jar
ဟုတ်ကဲ့
ဒါပဲနော်

YOU ARE READING
ရောင်နီဦးဆီသို့
ActionPerthsaint စိတ်ကူဖြင့်ရေးသားပါသည် အမှားပါက ခွင့်လွှတ်ပေးပါရှင့်