Part 6

14 3 0
                                    

နောက်နေ့မနက်စောစော ထပြီး အကို့ အတွက် မနက်စာ အဆင်သင့်လုပ်ပြီး အကို့အခန်းဆီ လာပြီး အကို့အတွက် ရေလေး စပ်ပေး သွားတိုက်ဆေးလေး ထည့်ပေးပီး အကို့ကို နှိုးဖို့ လုပ်ရတယ်

အကို

မျက်ခုံး ထူထူလေးနဲ့ မျက်တောင်ရှည်ရှည်လေးနဲ့အကို ဟာ အရင်အတိုင်း ချစ် ဖို့ကောင်းနေတုန်း   နဖူးလေးကိုခိုးနမ်းပီး အကို့ကို နှိုးလိုက်တော့တယ်

အကို ထတော့ ရုံးသွားရတော့မယ်

အင်း အင်း ထပြီ

ဟုတ် အာ့ဆို ကျွန်တော်လဲ ရေသွားချိုးလိုက်ဦးမယ်နော် အကို

အင်း

အကိုက အင်း တလုံးပြောပြီး ရေချိုးခန်းထဲ ဝင်သွားတယ် အကို့အတွက် အင်္ကျီလေး တွေ ထုတ်ထားပေးမိတယ် မဝတ်မှန်းသိပေမဲ့ ဝတ်လိုဝတ်ငြား  ထုတ်ပေးပီး ကိုယ့်အခန်းပြန်လာပီး ကမန်းကတန်း ရေချိုးပီး အောက်မှာ အကို့ မုန့်အတူစားဖို့စောင့်နေလိုက်တယ်

ခဏနေတော့ အကိုဆင်းလာတယ် လှမ်းကြည့်လိုက်တော့  အကိုက ကျတော် ထုတ်ပေးထားတဲ့ ဝတ်စုံ  ဝတ်မလာခဲ့ပြန်ဘူး  စိတ်မြောင်းပေမဲ့ ဘာမှမဖြစ်သလိုနေရင်း

အကို လာထိုင်

ဒီမှာအကို ပေါင်မုန့်ကြက်ဥကြော်လေးနဲ့ ကော်ဖီခါးခါးလေးအကို

အင်း ကျေးဇူး

အကိုဟာလေ ကျတော် ဘာလုပ်ပေးပေး ကျေးဇူး စကား အရမ်းပြောတာပဲ ကျတော်အတွက် ကျေးဇူး မလိုပါဘူး အကို   အကို ချစ် ဖို့ပဲ လိုတာ ကိုယ့်ဘာသာတွေးရင်း ပြုံးနေမိဆုန်း

မင်းပီးပီလား

ဗျာ

ငါသွားတော့မယ် မင်းလိုက်မှာလား မလိုက်ဘူးလား ပြောပြီး ထသွားသူ

ကမန်းကတန်း ပေါင်မုန့်နည်းနည်းထိုးထည့်ပီး အမြန်ကားပေါ်တက်ထိုင်လိုက်ရတယ်

ကျတော့်ကို တချက်ကြည့်ပြီး သက်ပြင်းချပြီး ကားစက်နှိုးလိုက်တဲ့အကို

pov: အကို့အတွက် စိတ်ညစ်စရာများဖြစ်နေလို့လား အကိုရယ်

ရုံးက ပါကင်လေးမှာ ကားထိုးပီး အကို ကဆင်းသွားတော့ ချက်ချင်းလိုက်ရတယ် သူ့ကို မှီအောင် လိုက်နေတုန်း

ရောင်နီဦးဆီသို့Where stories live. Discover now