သူများ တွေ အလုပ်ဆင်းသွားတာကြာလှပီ အခုထိ အကိုက အခန်းထဲက ထွက်မလာသေးဘူး ထိုင် စောင့်နေရင်း ဘယ်လို အိပ်ပျော်သွားမှန်းမသိလိုက်ဘူး နိုးလာတော့ ည၈နာရီထိုးပီ အကို့ အခန်းထဲ သွားကြည့်တော့ မရှိတော့ဘူး အကိုက တယောက်ထဲ လန့်သွားတယ် ဖုန်းဆက်ကြည့်တော့ အကိုက မကိုင်ဘူး ဆက်ခေါ်တော့
ဟဲလို
အကို ဘယ်မှာလဲ
ငါပြန်နေပီလေ
ဗျာ ကျတော် အကို့ကို စောင့်နေတာ
မင်းက ငါ့ကို စောင့်နေပီး ဘာလုပ်မှာလဲ မင်းဘာသာ ပြန်လာခဲ့တော့ ဒါပဲ
ဟဲလို အကို
saintလဲ ရုံးအောက်ကို ကမန်းကတန်း ပြေးဆင်းလာတယ်
ဟူး တော်ပါသေးရဲ့
ဟင် ကားတွေလဲ တစီးမှ ငှားမရဘူး
လမ်းတော်တော်လျှောက်လိုက်ပီးမှ ကားတစီးတွေ့လို့ ငှားပြီး အိမ်ပြန်လာလိုက်တယ်
အိမ်ရောက်တော့ အကို့ဆီ အရင် သွားကြည့်ရတယ် ကိုယ့်ကို တမင်ထားခဲ့မှန်းသိရက်သားနဲ့ စိတ်မနာနိုင်ဘူး အကို့ အခန်းတံခါးအသာလေူဖွင့်ကြည့်တော့ အိပ်ပျော်နေတာ တွေ့လိုက်တယ် စောင်လေးခြုံပေးပီး ပြန်လှည့်ထွက်ဖို့အလုပ် အကို့ဖုန်းကို မြင်တော့ကြည့်ချင်စိတ်ကတားမရ ကြည့်လိုက်တော့ သူ့ကောင်မလေးကို စာတွေ ပို့ထားတာတွေ့လိုက်တယ်
တောင်းပန်ပါတယ်
ပြန်လာပါတော့
လွမ်းနေပီ
အရာရာအားလုံးအတွက် တောင်းပန်ပါတယ် စသဖြင့် အလိုလို ကျလာတဲ့ မျက်ရည်တွေကိုလဲ မသုတ်မိတော့ဘူးဖုန်းကိုနေရာတကျ ပြန်ထားခဲ့ပီး ကိုယ့်အခန်းထဲ ပဲ ပြန်လာခဲ့လိုက်တော့တယ်
မနက်မိုးလင်း တော့ သတိရလိုက်မိတယ် ညက အိမ်ရောက်ထဲက အိပ်ပျော်သွားတာ ဟိုကောင်လေး ပြန်ရောက်လား သိချင်မိတယ်
ဟာ ပြန်မရောက်အောင် ကလေးလဲ မဟုတ်တော့ဘူး သူ့အကြောင်းစိတ်ထဲက ထုတ်ပီး ရေချိုးလိုက်တော့တယ် ရေချိုးပီး ပြန်ထွက်လာတော့ ခုတင် ပေါ်မှာ အဝတ်အစားထတ်ြထားတာ တွေ့လိုက်တယ်
YOU ARE READING
ရောင်နီဦးဆီသို့
ActionPerthsaint စိတ်ကူဖြင့်ရေးသားပါသည် အမှားပါက ခွင့်လွှတ်ပေးပါရှင့်