ကိုယ်တပိုင်းမြင်ရသည့် မှန်လေးရှေ့မှာ ကောင်းဆက်ရပ်ကာ မိမိသွင်ပြင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ Daddy ဝယ်ပေးထားသည့် အညိုရောင် Suite ။ ဈေးမကြီးသော်လည်း ပွဲတော့တိုးသည်။ ဦးထုပ်လေးကိုင်ကာ အတွင်းခန်းမှ ထွက်လာသည့် Daddy က မိမိကို သေသေချာချာကြည့်ကာ မီးဖိုခန်းထဲက မေ့မေ့ကိုလှမ်းခေါ်တော့သည်။
"သော်တာ..ငါ့သားကို ကြည့်စမ်း။ ဘယ်လောက်ချောလဲဆိုတာ။"
Darling တွေ Honey တွေမခေါ်ပဲတောင် သော်တာဟူသော Daddy ရဲ့ မပီကလာပီကလာနဲ့ Thomas ဟူသောမေမေ့ရဲ့ခေါ်သံကနေတဆင့် သူတို့ရဲ့ချစ်ခြင်းမေတ္တာ နက်ရှိုင်းမှုကို ခံစားမိနေသည်။
"ရှင်က ကိုယ့်ငါးချဉ်ကိုယ်ပြန်ချဉ်နေပြန်ပြီ။"
ထို့သို့သာဆိုသော်လည်း မျက်လုံးထဲက အရိပ်အယောင်တွေကတော့ လိမ်မရ၊ ပီတိဖြာနေခဲ့သည့် မိဘနှစ်ပါးကို ကြာည့်ပြီး ကောင်းဆက်ပြုံးမိတော့ ဘယ်ဘက်နှုတ်ခမ်း ထောင့်မှာ ဖျတ်ခနဲပေါ်လာသည့် ခပ်နက်နက်ချိုင့်လေးတခု။ ပါးချိုင့်လဲမဟုတ်ပဲ တချို့က တွင်းဟုခေါ်ဆိုကြသည့် အချိုင့်လေးတခုပင်။
"ကောင်း....ဆက်...ဂျေ....ဒင်!!"
နာမည်ကိုတလုံးခြင်းစီ အကျယ်ကြီးအော်ခေါ်လိုက်သည့် နိုရာမင်းမောင်အသံကြားတော့ ဖိုင်လေးကောက်ဆွဲယူလိုက်ကာ အပြင်ထွက်ရန်ပြင်လိုက်သည်။
"ကျွန်တော်သွားတော့မယ် မေမေ။Daddy ကျွန်တော်သွားတော့မယ်။"
"သား.....လက်အိတ်...လက်အိတ်ယူသွားဦး။"
"နေ....Daddy မယူတော့ဘူး။လက်အိတ်စွပ်ထားရင် ထူးဆန်းနေကုန်လိမ့်မယ်။ "
အပြင်မှာရောက်နေသည့် နိုရာမင်းမောင်ကလဲ တော်တော်သပ်ရပ်ပြီး ကြည့်လို့ကောင်းနေတာအမှန်။ သို့သော် အကျီကတော့ သူနဲ့အနည်းငယ် ကြပ်နေသလိုပင်။ ခပ်ဖိုင့်ဖိုင့်ကိုယ်လုံးလေးရှိပြီး မျက်မှန်လေးနဲ့ နိုရာက အပြုံးချိုကာပွင့်လင်းမှုကြောင့် လူချစ်လူခင်အတော်ပေါများသည်။ သူ့အနားရောက်သည်နှင့် ဘာမှမပြောရသေးခင်မှာပင်..။
"ငါ နည်းနည်းနောက်ကျသွားတယ်။ အမေကအကျီဝယ်လာတာ နည်းနည်းကြပ်နေတာနဲ့ တခြားဝတ်စုံဝတ်ရမလား လျှောက်ရှာကြည့်နေလို့"
YOU ARE READING
ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ (ကံကြမ္မာချည်တဲ့ကြိုး)
FanfictionStory Name - Signs Of The Fate (ကံကြမ္မာချည်တဲ့ကြိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Start Date - 26 Dec 2021 End Date - 27 July 2022 Intro ကို ဖတ်ပေးပါ Intro ကို ဖတ်ပေးပါ