Chapter - 28

8.5K 952 86
                                    

"​ကောင်းဆက်​ဂျေဒင်..."?

အတွေးများနေတာကြောင့် အခန်းထဲလူဝင်လာတာကို ​ကောင်းဆက်သတိမထားမိခဲ့။ အသံကြား​တော့မှ လှမ်းကြည့်လိုက်​တော့ အခန်းဝက​နေအသံပြု​နေသည့် Edward...

"Edward? ဘာလာလုပ်တာလဲ"

"စိတ်ပူလို့ ရုံးဆင်းတာနဲ့တန်းလာခဲ့တာ။ အခန်းထဲကအကုန်စိတ်ပူ​နေကြတယ် ဒါ​ပေမဲ့အကုန်လုံးလာကြည့်ဖို့ အဆင်မ​ပြေတာနဲ့ ငါပဲလာခဲ့တာ။ ​ဆေးရုံအဝင်ဝနားမှာ သူဌေးနဲ့​တွေ့လို့ မင်းတို့အခန်းနံပါတ်ကိုမေးခဲ့ရ​သေးတယ်။ မင်းအိတ်ယူလာခဲ့တယ် ကောင်းဆက်။ "

"ဒုက္ခရှာလို့...လာမကြည့်လဲရပါတယ်။ အသည်းအသန်ဖြစ်နေတာမှမဟုတ်တာ"

"အသည်းအသန်​ပေါ့ တစ်​ယောက်က မျက်စိရှေ့တက်ဓာတ်လိုက်တာဆန့်ဆန့်ကြီး၊ နောက်တစ်ယောက်က ဘါဖြစ်မှန်းမသိပဲ ပစ်လဲသွားတော့ အကုန်လုံးကပျာယာခတ်ကုန်တာ။ သူဌေးဆိုရင် မင်းကိုပွေ့ချီပြီး ဆေးရုံပြေးတာပဲ။ မျက်နှာပါ​တော်​တော်ပျက်​နေတာ"

"ဟုတ်လား....ငါ့ကိုခေါ်လာတာ Shane....အဲ....Mr Shane တဲ့လား"

Edward သာသတိထားကြည့်ရင် မိမိရဲ့မျက်နှာပေါ်က ပီတိပြုံးဟူသည့် အပြုံးတွေကို သတိထားမိမှာ အမှန်​ပေမယ့် Edward က သတိထားမိဟန်မတူ။

"ငါ နိုရာ့ဆီ ဖုန်းဆက်ပြီးပြီ သူ ညစာစားပြီးပြီတဲ့​လေ။ ဘာဝယ်လာရမှန်းလဲမသိလို့ ကြက်ကြော်နဲ့စွပ်ပြုတ်တစ်ပွဲဝယ်ခဲ့တယ်။ ထည့်လိုက်မယ်နော်.."

တတွတ်တွတ်ပြောကာ အခန်းထဲလှည့်ပတ်ရှာပြီး တွေ့လာသည့် ပန်းကန်လုံးထဲ ထည့်ရင်းပြောနေသည့် Edward စကားတွေကို ကောင်းဆက် မကြားတချက်ကြားတချက်။ သူ့ကို မိမိတကြိမ်ကယ်ခဲ့ဖူးတယ်ဆိုတော့ အခု​ရော သူ့သေခြင်းတရားပြောင်းသွားပြီလား။ ပြီးတော့ ခုနတွေးသလို စွမ်းအင်တွေလျော့ကျနေပြီလား၊ မမြင်နိုင်တော့ဘူးလား၊ ဝေဒနာတွေ လွှဲမယူနိုင်တော့ဘူးလား စတာတွေ သိနိုင်ဖို့ အခုအချိန်မှာ စမ်းသပ်ကြည့်ဖို့က Edward က အသင့်တော်ဆုံးပင်။

စွပ်ပြုတ်လိုလို ဘာလိုလိုပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ယူလာကာ မိမိကိုကမ်းပေးလိုက်သည့် Edward လက်ထဲမှ ပန်းကန်လုံးကိုလွှဲယူမယ့်အစား ထိုပန်းကန်လုံးကိုကိုင်ထားသည့် သူ့လက်အပေါ်ကနေ ​ကောင်းဆက်အုပ်ကိုင်လိုက်သည်။ လူတယောက်ရဲ့သေခြင်းကို သူ့လက်ကနေ မြင်နိုင်ဖို့အချိန်က ၁၀စက္ကန့်ပဲလိုတာလေ။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now