Chapter - 26

8.2K 1K 119
                                    

"​ကောင်းဆက်မောနင်း...."

လူပင်ခြံဝမရောက်သေး ခပ်ရွှင်ရွှင်အသံနဲ့အတူ လမ်းမထက်ဆီက နိုရာ။ ပြန်မဖြေသေးပဲ အပြင်ထွက်လိုက်ပြီး လမ်းထိပ်ဆီသို့ အတူတူလျှောက်ခဲ့ကြသည်။ နိုရာက အိတ်လေးတစ်လုံးကမ်းပေးလာကာ။

"ရော့ ကော်ဖီဖျော်ခဲ့တယ်၊ ဆင်းဒဝစ်ခ်ျလေးရောပဲ ငါကိုယ်တိုင်လုပ်လာတာနော်..."

ဟူသောအပြောကြောင့် မယုံနိုင်စွာလှည့်ကြည့်တော့ နိုရာက သွားအကုန်ပေါ်အောင်ပြုံးကာ မျက်မှန်လေးကိုတချက်ပင့်တင့်လိုက်သည်။ ထို့နောက်

"ဆင်းဒဝစ်ခ်ျကတော့ အမေလုပ်ပေးတာ​လေ။ ဒါပေမဲ့ အဲ့ဒီဆင်းဒဝစ်ခ်ျကို ဘူးလေးထဲထည့်တာငါပါနော်။ ကော်ဖီဖျော်တာလဲငါပဲ။"

"..............."

"စိတ်မဆိုးပါနဲ့တော့ကွာ နောက်ဆိုရင်ဘာပဲဖြစ်ဖြစ် ငါမင်းကိုပြောပြပါ့မယ်။ ထိန်ချန်မထားတော့ပါဘူး။"

မျက်နှာငယ်လေးနဲ့ထပ်ပြောလာတော့ ဆက်ဟန်မဆောင်နိုင်တော့စွာ ကောင်းဆက်မျက်နှာက ပြုံးစိစိဖြစ်လာသည်။

"အေးနော်....နောက်တခါမင်းငါ့ကို အခုလိုမျိုးထပ်လုပ်ရင် သေခန်းပြတ်မယ်...I

"မလုပ်ဘူး။ မဖြစ်စေရတော့ဘူး ကတိပေးတယ် ကတိ..."

ပခုံးကိုလှမ်းဖက်လာပြီး ဝမ်းသာအယ်လဲ အသံကျယ်ကြီးဖြင့် ပြောလာသည့်နိုရာ့ခါးကို ပြန်ဖက်ကာ စောင့်ကြိုနေရာကားရှိရာသို့ ဆက်လျှောက်ခဲ့ကြသည်။ အခြားသောနေ့များအတိုင်းလိုပင် တနေ့တာတာဝန်များ စတင်ခဲ့ကြပြီးနေ့လည်စာနားချိန်ရောက်တော့ Dinning room ရှိရာသို့ထွက်လာကြပြီး ဝင်ပေါက်ရောက်သည်နှင့် မသိမသာပြုံးသွားသော နို့ရာကြောင့် မှန်ခန်းလေးဆီသို့ အကြည့်ရောက်သွားရသည်။

မှန်ခန်းလေးရဲ့အတွင်းမှာ Shane နှင့်အတူထိုင်နေသည့် Devin။ နိုရာ့ကိုမြင်တော့ မျက်လုံးတဖက်မှိတ်ပြကာ ပြုံးပြလာသည်ကို သကောင့်သား နိုရာကပြန်လည်တုံ့ပြန်ပြုံးပြခြင်း။ Shane ကတော့ မိမိတို့ကိုမြင်ဟန်တောင်မတူပေ။

"နိုရာ?"

"အင်း...."

"မင်းရဲ့ Devin က အလုပ်မလုပ်ပဲ တချိန်လုံးဒီကိုချည်းလာတယ်နော်။ တကယ်ဆို Mr Shane မှာလဲ အလုပ်တွေနဲ့ဆို လာလာနိုင်လွန်းတယ်။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Tempat cerita menjadi hidup. Temukan sekarang