Chapter - 15

11K 1.2K 99
                                    

ကောင်းဆက်အိမ်မှပြန်လာပြီး Devin ကိုပို့ပေးရာလမ်းတစ်လျှောက် စကားမပြောဖြစ်ခဲ့ကြ။ အတန်ကြာမှ Devin ထံမှ သက်ပြင်းချသံနဲ့အတူ

"Shane? မင်း ဒီနေ့ဘာအမှားလုပ်ခဲ့လဲဆိုတာသိတယ်မလား"

"ငါဘာမှမလုပ်ခဲ့ပါဘူး"

"သူများကိုလိမ်လို့ရပေမယ့် ငါ့ကိုတော့မရဘူး။ မင်းအချိန်ကိုရပ်ပစ်လိုက်တာငါသိတယ်နော်။ မင်းပြောတုန်းက အသက်​ဘေးကနေကယ်ရမယ့်ကိစ္စတွေဆိုရင် ဘာအကြောင်းနဲ့မှမရပ်တော့ပါဘူးဆို?"

"အဲ့ဒီအချိန်က ငါအဲ့ဒီလိုပြောခဲ့ပေမယ့် ဒီတခေါက်က ငါမလွှဲသာလို့ပါ။ ငါသာအချိန်ကိုမရပ်ပစ်ခဲ့ရင် ကောင်းဆက်သေသွားနိုင်တယ်။ မဟုတ်ဘူး.....​သေသွားလိမ့်မယ်"

"မင်းပဲပြောခဲ့တာလေ ​လောကကြီးက သတ်မှတ်ပေးလိုက်တဲ့ လူတယောက်ရဲ့ကံကြမ္မာကို ပြောင်းပစ်လို့မသင့်တော်ဘူးဆို၊ မလိုလားအပ်တဲ့မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေကို ဖြစ်လာစေလိမ့်မယ်ဆို၊ အခု ကောင်းဆက်ဂျေဒင်ရဲ့ကံကြမ္မာကို မင်းပြောင်းလဲပစ်လိုက်ပြီ Shane။ မင်း အမှားတခုလုပ်လိုက်ပြီဆိုတာတော့ဝန်ခံလိုက်.."

Devin ပြောတာမှန်နေသော်လည်း သူ မသိသေးသည့်ကိစ္စတခုကရှိနေခဲ့သည်။ မပြောတော့ဘူးဟုစဉ်းစားထားခဲ့သော်လည်း အကျိုးအကြောင်းတိုက်ဆိုက်လာပြီမို့ ပြောပြလိုက်ရန်သာ Shane ဆုံးဖြတ်လိုက်တော့သည်။

"Devin"?

"အင်း..."

"ငါမင်းကိုပြောပြဖူးတဲ့ ငါ့အသက် ၁၂ နှစ်တုန်းကကိစ္စကိုမှတ်မိသေးလား"

"အင်း.....သိပ်တော့မမှတ်မိတော့ဘူး"

"ဟုတ်လား အဲ့ဒါဆို ငါပြန်ပြောပြမယ်။ အဲ့ဒီ 12 နှစ်အရွယ်တုန်းက ဒီလိုအချိန်ထိန်းချုပ်နိုင်စွမ်းတွေဆိုတာ ငါသိပ်နားမလည်သေးဘူး။ တ​နေ့တော့ ကျောင်းကအပြန် ကစားကွင်းကိုဖြတ်တိုင်းအမြဲဆုံနေကျ သားအဖနှစ်ယောက်ရှိတယ်။ အမြဲတမ်းကစားနေတာ ကြည်နူးဖို့ကောင်းလို့ တရက်လောက်မတွေ့ရရင်ကို လိုက်ရှာမိတဲ့အထိပဲ၊ အားကျတာလည်းပါမှာပေါ့။ ငါကမိဘတွေနဲ့ လက်ပွန်းတတီးမနေတော့။ အဲ့ဒီနေ့က ငါကျောင်းဆင်းတော့ ထုံးစံအတိုင်းပဲ သူတို့သားအဖနှစ်ယောက်ကစားနေတယ်။ ထိုင်ကြည့်နေမိတော့ သူတို့သားအဖကသတိထားမိသွားပြီး ငါ့ကိုပါလာဆော့ဖို့ပြောတာနဲ့ လာကြိုနေတဲ့ အိမ်ကကားကို စောင့်ခိုင်းထားပြီးငါပါဝင်ဆော့နေရင်းက ညနေအတော်စောင်းသွားရော"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now