Chapter - 41

6.8K 873 35
                                    

ညစာဝိုင်းလေး အပြီးသတ်ပြီးနောက် အချိန်ကလဲအတော်လင့်နေပြီမို့ နောက်မှရောက်လာသည့် နိုရာပင်လျှင် အိမ်ပြန်သွားခဲ့ပြီ။ စကားအနည်းငယ် ​ပြောပြီးနောက် Shane အသာထရပ်ကာ..

"မေမေ...ကျွန်တော်ပြန်ပါဦးမယ်။ "

"ကောင်းပါပြီကွယ်။ သတိထားမောင်းပြီးပြန်ပါ။"

"ဟုတ်ကဲ့...."

နှုတ်ဆက်ပြီးထွက်လာရာနောက် ကောင်းဆက်ကလိုက်ပို့ပေးသည်။ အိမ်အပြင်ဘက်ဆီသို့ရောက်တော့ Shane မှာ ဘီးလေးဘီးလုံး ပြားချပ်နေသည့် ကိုယ့်ကားကိုယ်ကြည့်ကာ ပြောလက်စကားတွေပင် ရပ်တန့်သွားရတော့သည်။

"ကားကဘယ်လို...."

"ဟို ဒီမှာကလေ ရပ်ကွက်​လေးဆို​တော့ တချို့က​လေးဆိုး​လေး​တွေ ရှိတယ်။ Shane ရဲ့ကားက တန်ဖိုးကြီးကားဆိုတော့ တမင်လုပ်သွားတယ်ထင်ပါတယ်။ တောင်းပန်ပါတယ်"

"​ကောင်းဆက်က ဘာလို့​တောင်းပန်​နေတာလဲ။ တောင်းပန်စရာမလိုပါဘူး။ ဘယ်လိုပြန်ရမလဲ စဉ်းစားနေတာ ကားဌားပြန်လိုက်​တော့မယ်။ ကားကိုပြင်မယ့် ဆရာလွှတ်လိုက်မှာမို့ မနက်ပြင်ပြီးရင် ​ကောင်းဆက်​ယူ​မောင်းလာခဲ့​ပေး​နော်"

"ကား...ကားဌားဖို့က ဒီ ဒီနေရာမှာမလွယ်ဘူး။ ဟို​လေ ဒီမှာ ည...ည အိပ် အိပ်သွားပါလား Shane"

အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားဆိုလာသည့် ကောင်းဆက်က မိမိကိုမကြည့်၊ လွှဲထားသည့် မျက်နှာကလဲ ရဲလို့နေသည်။ ထူးဆန်းစွာ အိမ်မှာအိပ်ဖို့ခေါ်နေသည့် သူ့ကို Shane စနောက်ချင်လာတော့

"မအိပ်တော့ဘူး"

ဟု ​ပြောလိုက်သည်နှင့် ကောင်းဆက်မှာ မျက်နှာပျက်သွားရှာသည်။ သို့သော် ဇွဲလျှော့ဟန်မတူ....။

"Shane ကားက ​ဈေးကြီးတယ်။ ကျွန်​တော်မမောင်းရဲဘူး အဲ့ဒါ​ကြောင့် အိပ်သွားလေ။ မနက်ပြင်ပြီးမှ ကျွန်တော်တို့ ရုံးပြန်မောင်းကြတာပေါ့..."

"ရတယ် Devin ကို​ခေါ်လိုက်လဲ ရတယ်။"

"အားမနာပါနဲ့ အိပ်သွားလို့ရတယ်။"

"အဌားကား ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်ဖြစ်"

Shane စကားမဆုံးခင် ကောင်းဆက်က ချာကနဲလှည့်ပြိး အိမ်ထဲပြန်ဝင်သွားတော့မှ Shane ရယ်ကာ အ​နောက်မှ ​ပြေးလိုက်ဆွဲတော့ ပြန်ရုန်းထွက်သွားသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now