Chapter - 24

8.7K 1K 83
                                    

ဒီ ၄ ၅ ရက်မျှသောအချိန်က Shane အတွက် တစုံတခုလိုအပ်နေသည့် နေ့ရက်များသဖွယ်မပြည့်စုံခဲ့။ TT2 room မှ Edward မှလွဲ၍ ကျန်သူများနားထားသောကြောင့် ယခုလို ထမင်းစားချိန်တွင် အရင်ကလိုမှန်ခန်းလေးထဲမှ လှမ်းငေးနေကြ ကပြားလေးမရှိ၊ တချက်တချက်ထထရယ်တတ်သည့် အပြုံးလေးတွေကိုလဲ မတွေ့ရတာကြာခဲ့ပြီ။ အသံလေးကတော့ နားရက်ပေးပြီးနောက်တရက်မှ ခဏတာကြားလိုက်ရသေးသည်။ မည်မျှပင်အသံကိုထိန်းချုပ်ထားပါစေ အိပ်ချင်မူးတူးဖြစ်နေသည့် အသံလေးက လုံးလုံးလေးဖြင့်တိုးသဲ့သဲ့...။

နေ့လည်စာခပ်သုတ်သုတ်စားပြီး​နောက် အခန်းရှိရာပြန်ခဲ့ပြီး ကျန်ရှိနေသေးသည့်အလုပ်များကို ရုံးဆင်းချိန်အမှီ အပြီးသတ်နိုင်ရန်ကြိုးစားနေရခြင်းက သွားတွေ့ရမည့် လူတစ်ဦးရှိနေလို့ပင်ဖြစ်သည်။ ယာဉ်မောင်းမရှိတော့၍ ကိုယ်တိုင်မောင်းနေသဖြင့် ပိုပင်ပန်းသော်ငြား ဘယ်သွားသွား၊ဘာလုပ်လုပ် အခြားလူတစ်ယောက်ကို ပေးသိစရာ မလိုသည့်အတွက် Shane ကျေနပ်တာတော့အမှန်။ထို့ကြောင့်သာ လူသစ်ထပ်မခန့်သေးတာပင်။

ယာဉ်မောင်းဟုတွေးမိတော့ အခန်းနံရံမှာချိတ်ဆွဲထားသည့် အဖွဲ့လိုက်ဓာတ်ပုံဆီအကြည့်ရောက်သွားသည်။ နှစ်ပတ်လည်တုန်းက ဝန်ထမ်းတွေနဲ့အတူ ရိုက်ကူးထားသည့်ဓာတ်ပုံ၊ ထိုအထဲအအေးဘူးကိုင်ကာ ပြုံးရယ်နေသည့် မိမိရဲ့ဝန်ထမ်းဟောင်း ကားဆရာ Jonathan....။ သူငယ်ချင်းဖြစ်ခဲ့ဖူးသူ Joel နှင့် Surname တူညီနေခဲ့တာကို Shane သတိမထားမိခဲ့ခြင်းကိုက ကိုယ်တိုင်ရဲ့ပေါ့ဆမှုပင်။ ဖြစ်ခဲ့သည့်ကိစ္စရပ်မှာ ဘယ်လိုပင်မိမိမှန်ပါသည်ဟု Shane ကြွေးကျော်ခဲ့သော်ငြား Joel သေဆုံးသွားခြင်းအတွက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့တာတော့အမှန်ပင်။

အတွေးစကိုဖြတ်ကာ ယမန်နေ့ကစုံစမ်းထားသည့်နေရာသို့ ထွက်လာခဲ့ပြီး ရောက်ရှိသွားချိန်ကညနေ၆နာရီခွဲဖြစ်သည်မို့ တဖက်လူအလုပ်ဆင်းမည့်အချိန်ထိ ခပ်ဝေးဝေးမှာစောင့်ကြည့်ရင်း စောင့်ဆိုင်းနေခဲ့သည်။ ရင်းနှီးသူများနှင့် တနိုင်တပိုင်လုပ်ကိုင်နေသည့် လုပ်ငန်းငယ်လေးတည်ရှိရာ ရုံးခန်းသေးသေးနှင့်မနီးမဝေးမှာ စောင့်ဆိုင်းနေရင်း ၈နာရီခန့်မှာတော့ ပစ္စည်းပို့ရမှာပြန်လာဟန်တူသည့် လူတစ်ယောက်၊ ရုံးခန်းလေးထဲ ခေတ္တဝင်သွားပြီး​နောက် ယူနီဖောင်းလေးနဲ့အတူ ရှေ့မှာရပ်ထားသည့်ဆိုင်ကယ်ရှိရာ လာနေသည်ကိုမြင်တော့မှ Shane ကားပေါ်ကဆင်းကာထိုနေရာဆီသို့ ခပ်သုတ်သုတ်လေးလျှောက်သွားလိုက်ပြီးနောက်....

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now