🍏Part (4)🍏ချစ်စနိုးအခေါ်အဝေါ်လေး

538 81 13
                                    

Silent feelings

                                 🍏4🍏
                 [ချစ်စနိုးအခေါ်အဝေါ်လေး]

"ချင်းဟွား..... မြန်မြန် ဒဏ်ရာကို ရေနဲ့သန့်စင်ပေးပါဦး"

"ကောင်းပြီ"

ချင်းဟွား ခေါင်းတစ်ချက်ညိတ်ကာ အနားရောက်လာ၏။ သူမသည် ခရမ်းကြာနတ်မင်း၏ မျိုးဆက်မို့ ရေစွမ်းအင်ရှိလေသည်။ ထို့ကြောင့် သူမအတွက် ချူကျုံးကျန့်ရဲ့ ဒဏ်ရာကိုသန့်စင်ပေးတာက အရမ်းလွယ်ကူ၏။

ဒဏ်ရာဆေးပြီးတဲ့အခါ ထျန်းယန် ထိုသူ၏အင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်ပေးလိုက်ပြီး အေးမြတဲ့ ဆေးအနှစ်များဖြင့် ညင်ညင်သာသာ လိမ်းပေးနေသည်။ သူလုပ်နေသမျှကို ချူကျုံးကျန့် အသက်ရှူရပ်မတတ် စိုက်ကြည့်နေလေသည်။

တစ်ဖက်က ထျန်းယန်ဟာလည်း အင်မတန် ဂရုတစိုက်နဲ့ ဆေးလိမ်းပေးနေပုံမှာ ချူကျုံးကျန့် ဒဏ်ရာအပေါ်မှာ သူအရမ်းစိတ်ပူနေသလိုပဲ။ ကြားထဲက ချင်းဟွားရဲ့ ဘယ်ကြည့်ညာကြည့် မျက်လုံးတွေကို သူတို့နားမလည်ဘူး။

တစ်ယောက်က ဆေးလိမ်းပေးနေသူကို စိုက်ကြည့်နေကာ နောက်တစ်ယောက်ကတော့ တစ်ဖက်လူရဲ့ အသားစလေး ပွန်းပဲ့သွားမှာ ကြောက်နေသည့်အလား အရမ်းဂရုစိုက်နေ၏။ ချင်းဟွားတစ်ယောက် ပတ်ဝန်းကျင်မှ ပန်းရောင်လေထုကို ခံစားမိလာသည်။

ထို့ကြောင့် သူမအနောက်ကို ခြေနှစ်လှမ်း ဆုတ်ပေးလိုက်သည်။

ထျန်းယန် - "မင်းတိုက်ခိုက်လာတာ ဘာသားရဲလဲ?"

"ခေါင်းသုံးလုံးမြွေ....."

"ခေါင်းသုံးလုံးမြွေ? အဲ့ကောင်က အဆိပ်ပြင်းတယ် ဖမ်းရတာလည်းခက်တယ် မင်းဒဏ်ရာရလာတာ မထူးဆန်းတော့ပါဘူး .... ငါကတော့ ကံကောင်းတယ် "

"အင်း"

"သားရဲနှစ်ကောင်ကို တစ်ပြိုင်တည်း ဖမ်းမိလိုက်တယ်လေ....."

"အင်း"

"နာလား?"

"အင်း"

ထျန်းယန် ဒဏ်ရာကို ဆေးလိမ်းပေးနေရာမှ ရပ်သွားသည်။ သူက ချူကျုံးကျန့်ကို မော့ကြည့်လိုက်ပေသည်။ မျက်နှာဖုံးအောက်မှ စူးရှတဲ့ မျက်လုံးတွေဟာ အချင်းချင်း ဆုံတွေ့သွားစဥ် ဆုပ်ကိုင်ထားမိတဲ့ လက်ချောင်းတွေလည်း လှုပ်ရှားသွားသည်။

Silent feelings (side story) Completed Where stories live. Discover now