🍏Part (6)🍏သောက်ရှက်တွေကွဲပြီ

581 79 25
                                    

Silent feelings

                               🍏6🍏
              [သောက်ရှက်တွေကွဲပြီ]

ချူကျုံးကျန့်လို ရုပ်လည်းချော စွမ်းအင်အဆင့်လည်း အားကောင်းသလို နောက်ခံအင်အားလည်း တောင့်တင်းသော လူငယ်တစ်ဦးကို ဘယ်သူက စိတ်မဝင်စားတာလဲ။ သူနည်းနည်းတော့ သိချင်သွား၏။

"သူကမင်းကို ဘာဖြစ်လို့ စိတ်မဝင်စားတာလဲ? သူကဘယ်သူလဲ?"

ချူကျုံးကျန့်က ထပ်ရယ်သည်။

"သူ့ကိုကျွန်တော် ပထမဆုံး စတွေ့တာက သူ့ရဲ့မွေးနေ့ပွဲမှာလေ..... ဒုတိယအကြိမ်က ဇာမဏီတောင်အောက်မှာ"

ထျန်းယန် သေချာနားထောင်ပြီးတော့ ခေါင်းညိတ်လိုက်သည်။ ချူကျုံးကျန့်က ရုတ်တရက် သူရည်ရွယ်ထားတဲ့လူကို ဘယ်အချိန် ဘယ်နေရာမှာ တွေ့ခဲ့ကြောင်း စကားစလာတဲ့အခါ ထျန်းယန် သေချာလေး အာရုံစိုက်မိသွား၏။

တခြားတော့ သူဘာမှထပ်မတွေးတော့ဘူး။ သူနည်းနည်းလေးတော့ ဝမ်းနည်းသွားပါတယ်လေ။ အဲဒီနောက် သူတို့နှစ်ယောက် ခဏလောက် လေ့ကျင့်ဖြစ်ခဲ့သည်။

နေ့လည်စာ စားချိန်မှာလည်း အတူတူစားပြီး နေ့ခင်း တစ်ချိန်စာသင်ရသည်။ ထို့နောက် သူတို့ ချူကျုံးကျန့် နယ်မြေထဲမှာ ခဏလေ့ကျင့်ဖြစ်ခဲ့ပြီး ညရောက်တဲ့အခါမှ အနားယူလိုက်သည်။

ချူကျုံးကျန့် ရေချိုးပြီး ပြန်ထွက်လာတဲ့အခါ ထျန်းယန်က ကုတင်ပေါ်မှာ အိပ်လျက် သူ့လူ့ပြည်ကနေ ဝယ်လာခဲ့တဲ့ သစ်သားပဟေဠိကို ကစားနေ၏။ ချူကျုံးကျန့် ထွက်လာတာကို မြင်သော်လည်း သူက တစ်ချက်သာကြည့်ပြီး အကြည့်လွှဲသွားသည်။

ချူကျုံးကျန့် အဝတ်လဲပြီးတဲ့အထိ စကားများတတ်တဲ့ ထျန်းယန်ထံကနေ ဘာသံမှ ထွက်မလာပေ။

ချူကျုံးကျန့် ထျန်းယန်ကုတင်ဘေးကို လျှောက်လာ၍ ကုတင်အစွန်းတွင် ထိုင်လိုက်သည်။

"အားယန်....."

ထျန်းယန် လက်တွေရပ်သွား၏။ သူဇတ်ကနဲ ထထိုင်လိုက်တော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။

"ငါ့ကို အဲ့လိုမခေါ်နဲ့"

"ဘာဖြစ်လို့လဲ?"

Silent feelings (side story) Completed Où les histoires vivent. Découvrez maintenant