🍏EP (11)🍏မင်းက လူဆိုး...မိစ္ဆာဆိုးကြီး

453 52 0
                                    

Silent feelings

🍏(11)🍏
[မင်းက လူဆိုး.....မိစ္ဆာဆိုးကြီး..]

မွေးနေ့ပွဲပြီးသော် ဧည့်သည်တွေ အသီးသီးပြန်ကုန်ကြသည်။ ထျန်းယန်ကိုတော့ မွေးနေ့ရှင်လေးက ဆွဲထားတာကြောင့် ပြန်လို့မရသေးပေ။ မြင်းပျံတွေနဲ့ ရထားလုံးကို ချင်းဟွားနဲ့သာ ပြန်လွှတ်ရတော့မည်။

ခန်းမဆောင်ကြီး၏ အပြင်ဘက် ကွင်းပြင်ထဲတွင်တော့ ကောင်းကင်အိမ်ရှေ့စံ၏ ရထားလုံးသည် အလွန်ခမ်းနားစွာ ထင်းထွက်နေသည်။ ရထားလုံးက ချင်းဟွားကို ပြန်ပို့ဖို့အတွက် အသင့်ဖြစ်နေသော်လည်း ချင်းဟွားကတော့ ရထားလုံးထဲ မရောက်သေး။

သူမမှာ။

"နင့်ရဲ့ညစ်ပတ်တဲ့လက်နဲ့ မမကို မကိုင်နဲ့!"

လွိရှန်းသည် ခန်းမထဲကထွက်လာတဲ့ လျို့ရွယ်လက်ကို လက်ဆွဲဖို့ပြင်လိုက်စဥ် ခရမ်းရောင် ကြာပန်းဖတ်များသည် လက်နက်တစ်ခုအသွင်ဆောင်၍ လွိရှန်းလက်ကို တိုက်ခိုက်လိုက်သည်။ လွိရှန်းက အမြန်ရှောင်လိုက်၏။

သူသာ အမြန်မရှောင်လိုက်ရင် ချင်းဟွားရဲ့ကြာပန်းကြောင့် သူ့လက်က သုံးမရဖြစ်သွားနိုင်သည်။ လွိရှန်း ချင်းဟွားအား စူးစူးရဲရဲ စိုက်ကြည့်ပစ်သည်။ သူဒေါသထွက်နေသော်လည်း ဒါက မှော်နက်မြို့တော်မလို့ သူဆင်ခြင်ရမည်။

လွိရှန်း - "ချင်းဟွား.... ဒါက မှော်နက်မြို့တော်နော်... မင်းကလက်နက်ထုတ်ရဲတယ်ပေါ့?"

ချင်းဟွားရပ်သွားသည်။ သူမမျက်နှာသည် အေးစက်နေ၏။ လျို့ရွယ်နဲ့အတူ လိုက်လာတဲ့ အစေခံမလေးတောင် အနောက်ကိုနည်းနည်း ဆုတ်သွားသည်။

လျို့ရွယ် - "အားဟွား.... စိတ်လျှော့..."

"မမ သူ့ဘက်ကိုစိတ်ပါနေတာလား?"

"မဟုတ်တာ....မမက ဒီအတိုင်းနှုတ်ဆက်ရုံပါပဲ"

"ဒါပေမဲ့သူက မမလက်ကိုကိုင်ဖို့ လုပ်နေတယ်လေ.... မမကအဲဒါကို သည်းခံနေတာလား?"

လျို့ရွယ်ပြုံးလိုက်သည်။ သူမက လွိရှန်းကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီးတော့ ချင်းဟွားကို ထိုနေရာမှ ဆွဲခေါ်လာခဲ့သည်။

Silent feelings (side story) Completed Donde viven las historias. Descúbrelo ahora