🍏Part (2)🍏ပွင့်ဖတ်သုံးချပ်အမှတ်အသား

581 71 14
                                    

Silent feelings

                               🍏 2🍏
               [ပွင့်ဖတ်သုံးချပ်အမှတ်အသား]

"အကူအညီ လိုသေးလား?"

အသံလာရာဘက်သို့ ထျန်းယန် လှည့်ကြည့်လိုက်သည်။

"မင်းက?"

"အင်း"

"မင်းအကူအညီမလိုဘူး"

ထျန်းယန် စဥ်းတောင်စဥ်းစား မနေတော့ဘဲ ငြင်းပစ်လိုက်သည်။ အိပ်ဆောင်ထဲမှာတုန်းက ဆက်ဆက်ထိမခံ ဖြစ်နေခဲ့တဲ့သူနဲ့ သူစကားမပြောချင်ဘူး။ တစ်ဖက်ကလည်း ထျန်းယန် စိတ်ဆိုးနေတယ် ဆိုတာကို သိပေမယ့် စကားဆက်မပြောပေ။

စာသင်ဆောင်တွင် ဆရာက သားရဲတောကို ဝင်လျှင် ဆောင်ရန်ရှောင်ရန်များကို ပြောပြပြီး တစ်ယောက်ဆီကို သိဒ္ဓိကျောက်ပြားတွေ ပေးအပ်လေ၏။ ကျောက်ပြားတွေက လက်ဖဝါးတစ်ဝက်စာလောက်သာ ရှိပြီး ကျောက်ပြားပေါ်မှာ သူတို့နာမည်ကို ရေးထိုးထားသည်။

ရေနတ်ဘုရား ပြန်သွားလေသောအခါ ရေနတ်ဘုရားရဲ့ လက်ထောက်တစ်ယောက်က ထွက်လာ၍ ပြောလေသည်။

"မင်းတို့ကိုပေးထားတဲ့ သိဒ္ဓိကျောက်ပြားက သားရဲတောကို ဝင်နိုင်တဲ့ ဝင်ခွင့်ကဒ်ပဲ.... တစ်ခါဝင်ရင် သိဒ္ဓိကျောက် ၅လုံးပေးရမယ် သိဒ္ဓိကျောက်လဲပြီးရင် ဌာနချုပ်က မင်းတို့နာမည်နဲ့ ကဒ်ပြားနံပါတ်ကို မှတ်ထားမယ် ဒါမှသာ သားရဲတောကို ဝင်နိုင်မယ်.... အားလုံး သတိထားရမှာ တစ်ခုရှိတယ်"

ကျောင်းသားများ တစ်ပြိုင်တည်း ခေါင်းထောင်ကြည့်လိုက်ကြသည်။

"ဒီမှာဖြစ်စေ သားရဲတောမှာဖြစ်စေ တခြားလူဆီက သိဒ္ဓိကျောက်ကို လုယူခွင့် မရှိဘူး.... သားရဲနဲ့ ဆေးပင်တွေကို ယူဆောင်တဲ့အခါမှာလည်း ကိုယ့်အားကိုပဲ ကိုးရမယ်"

ကျောင်းသားများ ခေါင်းအသာညိတ်လိုက်ကြသည်။ အသီးသီး ကဒ်ပြားတွေကို သိမ်းဆည်းလိုက်ပြီးတော့ နောက်ထပ်ဆရာတစ်ယောက် ဝင်လာကာ သူတို့ကို စွမ်းအင်တွေနဲ့ ပတ်သက်ပြီး စတင်သင်ကြားလေသည်။

ကျောင်းသားတိုင်းက ဂရုတစိုက် နဲ့ လေးလေးနက်နက် သင်ကြားကြတာကြောင့် သင်ကြားချိန်က ၂နာရီဖြင့် ပြီးသွားသည်။ သို့နှင့် ကျောင်းသားများအတွက် မနက်ပိုင်း အားလပ်ချိန် ရရှိသွား၏။

Silent feelings (side story) Completed Donde viven las historias. Descúbrelo ahora