🍏Part (8)🍏တူညီသောအရှိန်အဝါ

619 68 12
                                    

Silent feelings

                               🍏8🍏
              [တူညီသောအရှိန်အဝါ]

ယုန်ကလေးမှာ ချူကျုံးကျန့်ဆီက မိစ္ဆာဆန်သော အရှိန်အဝါကြောင့် လှုပ်တောင်မလှုပ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်နှင့် ထျန်းယန်လက်ထဲမှာ ပွတ်သပ်ခံနေရတော့သည်။ ချူကျုံးကျန့်က အဖြူရောင် တိမ်တိုက်တစ်ခုကို ယူ၍ သူတို့ထိုင်ဖို့အတွက် နေရာပြုလုပ်သည်။

အဆုံးအစမရှိသော ကောင်းကင်ကြီးထဲမှာ အဆင့်မြင့် စွမ်းအားရှင်တစ်ယောက် ဖြစ်နိုင်ဖို့ ကြိုးစားနေကြတဲ့ သားရဲတွေ အများကြီးကို တွေ့ရသည်။ နဂါးအသွင် ​ပြောင်းချင်တဲ့ နတ်ငါးအပါအဝင် ဖီးနစ်အသွင်ရချင်သော ငှက်တွေလည်း ရှိလေသည်။

ချူကျုံးကျန့်သည် သူ့ဘေးက ကျောက်စိမ်းရုပ်လေးအား မျက်တောင်မခတ် ငေးစိုက်ကြည့်နေ၏။ ထျန်းယန်က သူဘယ်လောက်ကြည့်ကြည့် ကြည့်လို့မရိုးနိုင်တဲ့ အမှတ်တရလေး တစ်ခုပဲ။

ထျန်းယန် - "ကျောင်းအပြင်ဘက်မှာ ဒီလိုနေရာရှိမယ်လို့ ထင်တောင် မထင်ထားဘူး.... ချူကျုံးကျန့် မင်းအရမ်းတော်တာပဲ"

ထျန်းယန်သည် ချီးကျူးစကားဆိုပြီးနောက် လှည့်၍ ပြုံးပြလိုက်ပေသည်။ အလွန်အမင်း တောက်ပနေသလို မျက်ဝန်းတွေနဲ့ ဆုံတွေ့သွားတဲ့အခါ ထျန်းယန် ထိတ်လန့်သွား၏။

"မင်း မင်း မင်းဘာဖြစ်လို့ ငါ့ကို စိုက်ကြည့်နေတာလဲ?"

ချူကျုံးကျန့် ပြုံး၍ ယုန်လေးပေါ်က လက်ချောင်းများကို သူ့ဘက်သို့ ဆွဲယူ ဆုပ်ကိုင်ထားလိုက်သည်။ ချူကျုံးကျန့် လက်ဖဝါးက နွေးထွေးလျက်။ ထျန်းယန်တစ်ယောက် သူ့လက်ချောင်းတွေကို ထိုလက်ဖဝါးထဲ ထည့်ထားဖို့ ဆုံးဖြတ်လိုက်၏။

"အားယန်....."

"အင်း"

"ကျွန်တော် ဒီထက်လှတဲ့ နေရာတွေကို အားယန်နဲ့အတူတူ သွားချင်တယ်"

ထျန်းယန် နှလုံးသားလေး နွေးထွေးသွားသည်။ ချူကျုံးကျန့်က ဒီစကားကို ပြောလိုက်တဲ့ အချိန်မှာ သူတို့ဟာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတူတူ ရင်ဆိုင်ကြဖို့ ချူကျုံးကျန့်က ခွင့်ပန်လိုက်ခြင်းပင်။ တစ်နည်းဆိုရရင် သွယ်ဝိုက်သောနည်းဖြင့် သူ့ကို နောက်တစ်ဆင့် ချစ်ခွင့်ပန်လိုက်တာပဲ။

Silent feelings (side story) Completed Donde viven las historias. Descúbrelo ahora