🍏Part (3)🍏အနက်ရောင်တောအုပ်

514 74 6
                                    

Silent feelings

                             🍏3🍏
                [အနက်ရောင်တောအုပ်]

သားရဲတောထဲကို ဝင်ရမည့် ဂိတ်နေရာက အတော်အလှမ်းဝေးကာ သူတို့သည် ထိုနေရာအထိရောက်အောင် လမ်းလျှောက်သွားရမှာ ဖြစ်သည်။ လမ်းမကြီးသည် အလွန်ကျယ်ကာ လမ်းဘေးတစ်လျှောက်တွင် မီးအိမ်တံတိုင်းလေးတွေ မြောက်များစွာ စီတန်းထား၏။

မီးအိမ်များမှ ဖြာကျနေသော ငွေရောင်အလင်းတွေကြောင့် လမ်းတစ်လျှောက်လုံး လင်းထိန်နေသည်။ သူတို့လိုပဲ သားရဲတောထဲ စောစောဝင်ချင်ကြတဲ့ ကျောင်းသားတွေလည်း တစ်ယောက်စ နှစ်ယောက်စ ရှိကြ၏။

ထိုထဲတွင် စန်းယွီနင်သည်လည်း ပါသေးသည်။ လမ်းမကြီးက အလွန်ကျယ်ပြီး လမ်း၏ဘယ်ဘက်တွင် စန်းယွီနင်တို့အဖွဲ့၊ ညာဘက်တွင် ထျန်းယန်တို့ သုံးယောက် ဖြစ်သည်။ ချင်းဟွားက သူမ၏စတိုင်အတိုင်း လက်ပိုက်လျက် ပတ်ဝန်းကျင်ကို ဂရုမထားသည့်အလား လျှောက်နေ၏။

"ဟေး...... ထျန်းယန်လေး"

စန်းယွီနင် လက်ဝေ့ယမ်းကာ ထျန်းယန်ကို လှမ်းနှုတ်ဆက်သည်။ ထျန်းယန် အကြည့်တစ်ချက်ပို့ပြီး ချက်ချင်း ပြန်လွှဲသွား၏။ လက်ရှိသူက ချူကျုံးကျန့် နဲ့ ချင်းဟွားရဲ့အလယ်ကနေ လျှောက်လာနေတာကြောင့် အလွယ်တကူ ရှာမတွေ့နိုင်လောက်ဘူး ထင်ထားပေမယ့် စန်းယွီနင်က သူ့ကို မြင်ဖြစ်အောင် မြင်သွားသေးသည်။

ချင်းဟွား - "အဲ့တာ ဘယ်သူလဲ?"

ထျန်းယန် နှာမှုတ်လိုက်သည်။

"စန်းယွီနင်တဲ့...... အလကား နှာဘူးကောင်ပါဟာ အပြင်ရောက်မှ စန်းမျိုးနွယ်အကြောင်း စုံစမ်းပြီး မှတ်လောက်သားလောက်အောင် ရိုက်ပစ်မယ်"

"ဟွန်း ဘာကိစ္စ အပြင်ရောက်တဲ့အထိ စောင့်နေမှာလဲ? သားရဲတောထဲမှာတင် ရိုက်ပစ်လို့ ရတယ်လေ.... ကျောင်းစည်းကမ်းချက်ထဲမှာ ကျောင်းဝန်းထဲမှာ မတိုက်ခိုက်ရဘူးလို့ပဲ ပြောထားတာ သားရဲတောထဲမှာ မတိုက်ရဘူးလို့ မပြောထားဘူးလေ"

ချင်းဟွားက လေသံကို တိုးလိုက်ကာ။

"အကယ်၍ ခြေလွန်လက်လွန် ဖြစ်ခဲ့ရင်တောင် သားရဲတွေဖမ်းရင်း ဖြစ်တာပါလို့ ဥာဏ်ဆင်လိုက်ရင် ရတာပဲလေ.... မဟုတ်ဘူးလား?"

Silent feelings (side story) Completed Donde viven las historias. Descúbrelo ahora