Silent feelings
🍏(12)🍏 Final
[အားယန်ကို ကျွန်တော့်တစ်ဘဝလုံး ချစ်သွားပါ့မယ်]"ကိုကို ဒီမှာကြည့်....ဒါဘယ်သူပေးတယ်ထင်လဲ?"
ကျိုကျို့အော်သည် လှပသော ရွှေဆံထိုးလေးကို ချူကျုံးကျန့်မျက်နှာရှေ့တွင် ခါရမ်းပြနေ၏။ ချူကျုံးကျန့် ထိုဆံထိုးကို ကိုင်ကြည့်တော့ သန့်စင်တဲ့ စိတ်စွမ်းအင်တွေ မြောက်များလှစွာ ကိန်းဝပ်နေတာကို ခံစားလိုက်ရသည်။
သူအံ့သြသွား၏။
"ဒါ....."
"ဟီး.... ယောက်မပေးတာလေ"
ကျိုကျို့အော်က ဆံထိုးကို ပြန်လုသွားသည်။
"ကိုကိုတော့ သနားပါတယ်... အခုထိ ယောက်မဆီက ဘာလက်ဆောင်မှ မရသေးဘူး ဟုတ်တယ်မလား?"
"ငါကမကြာခင် သူ့ကိုပိုင်ဆိုင်ရတော့မှာလေ... အဲဒါထက် တခြားဘာက အရေးကြီးနေဦးမှာလဲ?"
ကျိုကျို့အော်က မျက်ခုံးပင့်လိုက်သည်။ ဒီလောက်ဆို ကောင်းကင်အိမ်ရှေ့စံက ကိုကို့ကိုဘာမှ မပေးရသေးတာ သေချာသွားပြီ။ သူမပြောလိုက်တုန်းက ကိုကိုဝမ်းနည်းသွားလိမ့်မည်။ ဒီနေ့က သူမမွေးနေ့မလို့သာ ကိုကိုက ထိန်းနေတာ။
ဒီနေ့မှာ ကောင်းကင်အိမ်ရှေ့စံက သူဟာ ချူကျုံးကျန့်နဲ့ သက်ဆိုင်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ သူသာတကယ်မချစ်ရင် ဒီလိုဖွင့်ထုတ်နေမှာတောင် မဟုတ်ဘူးလေ။ သေချာတာကတော့ ကောင်းကင်အိမ်ရှေ့စံက ချစ်သက်လက်ဆောင် ပေးရတာကို မသိတာဖြစ်မည်။
သူတို့မောင်နှမ ထိုင်နေတဲ့ စားပွဲပေါ်ကို ပုဇွန်နဲ့ ဂဏန်းတွေ ချက်ထားသော ဗန်းကြီးတစ်ချက် ရောက်လာသည်။ နီရဲနေသော အစားအသောက်သည် ကျိုကျို့အော် အကြိုက်ဆုံးပင်။
အစေခံတွေက လက်ဖက်ရည်ပွဲကို လဲပေးပြီးတော့ ထွက်သွားသည်။
"ပါးပါးရေ သမီးတို့ အတူတူစားရအောင်လေ"
သူမခေါ်တော့ ချူဝေ့ထုန်လည်း ရောက်လာသည်။ သူတို့သုံးယောက်ရှေ့တွင် ပန်းကန်ပြားအလွတ် တစ်ချပ်စီလည်း ရှိသည်။ ပုဇွန်အခွံနှင့် အမှိုက်တွေ ထည့်ရအောင်လို့ပင်။ ဧကရီချူသည် ပုဇွန်တွေကို မမောနိုင်မပန်းနိုင် ခွာပေးနေ၏။
VOCÊ ESTÁ LENDO
Silent feelings (side story) Completed