Chapter 20

36.6K 4.4K 195
                                    

Unicode

ကိုယ့်ပါးကိုဖြတ်ရိုက်ခံရခြင်းနှင့် တောင်းပန်ခြင်း
__________________________________

'သူ့ကိုသူ ဘာလုပ်နေတယ်ဆိုတာ သောက်ကျိုးနည်းသိနေသော' ယန်းချင်းချီနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေသည့် လျောင်စစ်ပေါ်တို့ မျက်နှာချင်းဆိုင်လိုက်ကြသည်။

လျောင်စစ်ပေါ်က စားပွဲတစ်ဖက်ခြမ်းမှာ သူ့အား လက်ပိုက်ရပ်ကြည့်နေရင်း

''မင်းအရင် စထိုး ''

''ဟုတ်ပြီ ''

ယန်းချင်းချီ တြိဂံပုံစံဖြစ်အောင်လုပ်ထားသည့် ဘောလုံးလေးများအား အဖွင့်အနေဖြင့် ထိုးခွဲလိုက်သည်။

ရန့်ရွှိ ကျန်းမော့ချန်အား တံတောင်ဖြင့်တွတ်လိုက်ကာ

''ဟေး မင်းအိမ်ထောင်ဖက်လေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ သူ ခုနက မင်းကို တမင်နမ်းပြလိုက်တော့ လျောင်စစ်ပေါ် အသေဒေါသထွက်သွားတာ ''

သူ ကျန်းမော့ချန်ကိုကြည့်လိုက်ကာ

''ပြောမှပဲ သူဒီနေ့ကျမှ ဘာလို့ အလွန်အကျူးတွေလုပ်ပြနေတာလဲ Holy sh*t! လျောင်စစ်ပေါ် မင်းကို တိတ်တိတ်လေး ကြိတ်ကြွေနေတာလို့တော့ မပြောနဲ့နော် ''

ကျန်းမော့ချန် သူ့အား ပြောစရာမရှိတော့သည့် ရုပ်ဖြင့်ကြည့်လာကာ

''မင်း ငယ်ငယ်တုန်းက စာပေအတန်းကို တစ်တန်းမှ မအောင်ခဲ့ဘူး ဟုတ်တယ်မလား ''

''ပေါက်ကရတွေ ငါကျတာ အင်္ဂလိပ်ကွ! ''

''နီးတော့နီးတယ်မလား နှစ်ခုလုံးက ဖတ်ပြီး နားလည်အောင်လုပ်ရတာတွေပဲကို ''

''အဲ့ဒါက ငါစကားလုံးတွေကိုမမှတ်နိုင်လို့ မဖတ်နိုင်တာလေ ''

''အဲ့တော့ စကားလုံးတွေမမှတ်နိုင်တာကို ဂုဏ်ယူနေတယ်ပေါ့? ''

ရန့်ရွှိ ထိုမေးခွန်းအား ငြင်းဖို့ပြင်လိုက်တဲ့အချိန် လျောင်စစ်ပေါ်၏ သရော်သံကိုကြားလိုက်ရလေသည်။

''မင်း ခုနကဖြုံလောက်တဲ့ ပုံကြီးလုပ်နေတော့ ငါကအဟုတ်ကြီးထင်သွားတာ မင်းကဘာမှမဟုတ်ပါဘူး ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now