Chapter 92

32K 4.1K 222
                                    

Unicode

ကျန်းမော့ချန် ရိုက်ကူးရေးပြီးပြီ၊ ချီချီနဲ့ပြန်တွေ့ကြပြီ
_________________________________

ဒီဇင်ဘာ၁၂ရက်နေ့မှာ 《 လမ်းမှားခြင်း 》ဇာတ်ကား၏ရိုက်ကူးရေး တရားဝင်ပြီးဆုံးသွားခဲ့သည်။ ကျန်းမော့ချန်တစ်ယောက် ရိုက်ကူးရေးပြီးပြီးချင်း ယန်းချင်းချီဆီအလောတကြီးသွားမလည်သေးပဲ ချီချီနဲ့တွေ့ဖို့ အိမ်ကိုအရင်ပြန်လာခဲ့လေသည်။

ချီချီလေးကျောင်းကပြန်ရောက်တော့ ဧည့်ခန်းမှာရပ်နေသည့် ကျန်းမော့ချန်ကိုတွေ့လိုက်ရသည့်အခါ အရမ်းကိုအံအားသင့်သွားကာ မယုံနိုင်သလိုလေး သူ့မျက်လုံးသူပွတ်ပြီး ကျန်းမော့ချန်တကယ်ရှိ မရှိနောက်တခေါက်ပြန်ကြည့်လိုက်သည်။ မြင်ချင်ရာမြင်နေတာမဟုတ်ပဲ ကျန်းမော့ချန်တကယ်ရှိနေတယ်ဆိုတာသေချာမှ ဖိနပ်ကိုချွတ်ပြီး ကျောပိုးအိတ်တောင်ချွတ်မချနိုင်တော့ပဲ ကျန်းမော့ချန်ဆီအတင်းပြေးလာခဲ့လေသည်။ အနားကိုရောက်တော့ ကျန်းမော့ချန်ပေါင်ကိုလှမ်းဖက်လိုက်ကာ မျက်လုံးလေးတွေကလည်းပျော်ရွှင်မှုအပြည့်ဖြင့် သူ့ဒယ်ဒီသူအပြုံးကြီးပြုံးပြရင်း မော့ကြည့်နေခဲ့သည်။

ကျန်းမော့ချန် ချီချီခေါင်းလေးကိုပွတ်လိုက်ကာ သူ့ပေါင်ကိုဖက်တွယ်ရင်း ပြုံးပြနေသည့် ကိုအာလာလေးကိုကောက်ချီလိုက်လေသည်။

''ဒယ်ဒီ့ကိုလွမ်းလား ''

''လွမ်းတယ် ''

''ဘယ်လောက်လွမ်းလဲ ''

ချီချီကလက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ကာ ဘေးကိုစက်ဝိုင်းကြီးလိုအကျယ်ကြီးချဲ့ကားပြရင်း ကလေးသံချွဲချွဲလေးဖြင့် ပြန်ဖြေလာသည်။

''ဒီလောက်ကြီးလွမ်းတယ် ''

ကျန်းမော့ချန် ထိုခိုင်းနှိုင်းပုံလေးကိုအရမ်းသဘောကျသွားတာကြောင့် ချီချီ့ပါးဖောင်းဖောင်းလေးကိုနမ်းပစ်လိုက်သည်။ ချီချီက သူ့ပါးပါးတွေနမ်းတာကို သိပ်အသားမကျသေးတာကြောင့် ဆန့်ထားသည့်လက်ကလေးကိုပြန်ရုတ်ကာ ရှက်သွေးဖြာနေပြန်သည်။

''ဒီည ချီချီ ဘာစားချင်လဲ '' ကျန်းမော့ချန် သူ့သားအရှက်သည်းလေးကိုကြည့်ရင်း မေးလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now