Unicode
ကျန်းမော့ချန်ရဲ့ ဝေဖန်ပိုင်းခြားပြနိုင်စွမ်း၊ ကျန်းနင်ဝေးတို့ သကြားလုံးဝေချိန်နဲ့ သွားတိုးတယ်
_________________________________ယွီရှောင်ယွီထွက်သွားတာနဲ့ ကျန်းမော့ချန် တည်တည်ငြိမ်ငြိမ်ပြောလာသည်။ '' ချက်စရာရှိတာ ဆက်ချက်ကြမယ် '' သူ လီမော့ကို အနည်းငယ်အပြစ်ရှိစိတ်ဖြင့် လှမ်းကြည့်လိုက်ကာ '' ဒီလိုဖြစ်မယ်မှန်းသာသိရင် မင်းကို ဟင်းသီးဟင်းရွက် မဆေးခိုင်းလိုက်ပါဘူး ''
'' ညီမလေး ဘာမှမဖြစ်ပါဘူး '' လီမော့ဆက်ပြောလာသည်။ '' ဘယ်သူကရော အိမ်မှာဖူးဖူးအမှုတ်မခံရလို့လဲ ရန်ဖြစ်စကားများရတဲ့နေရာဆို ညီမ သူ့ကိုတစ်စက်ကလေးမှ မကြောက်ဘူး ''
သူမထိုသို့ပြောရင်း လီပေါ်ကျုံးဘက်လှည့်ကာ
'' ပါး နောက်ကျရင် သူ့ကိုသွားသွားပြီးဂရုမစိုက်နဲ့နော် သမီးခွင့်မပြုဘူး ''
လီပေါ်ကျုံးကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် ဒီအသက်အရွယ်ကြီးရောက်မှ အဲ့လိုမျိုးအပြောခံရတာက သူ့ကိုအနည်းငယ်ရှက်မိစေသည်။ သို့သော် လီမော့ကတော့ သူ့လိုမျိုးမခံစားရပါ။ သူမက ဘွင်းဘွင်းရှင်းရှင်းနေတတ်သူတစ်ယောက်ဖြစ်ပြီး မြီးကောင်ပေါက်အရွယ် ကြောက်စိတ်ကင်းမဲ့မှုများရှိနေတာကြောင့် ယွီရှောင်ယွီရဲ့စကားနာထိုးမှုများက သူမကိုစိတ်ဆိုးဒေါသထွက်ရုံလောက်သာ လုပ်နိုင်ပြီး အရှက်ဆိုသည့်အရာက ဘာမှန်းမသိစေပေ။
ထို့ကြောင့် သူမအဖေပြန်မဖြေလာတာကိုမြင်တော့ လီမော့တစ်ယောက် ထပ်ပြောလာပြန်သည်။
'' ဘာလို့ဘာမှမပြောတာလဲ ပါး နောက်တစ်ခါ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးပြီး သူ့ဘက်ကနေလိုက်ပြောပေးရင် သမီး ပါးကို လျစ်လျူရှုပစ်လိုက်မှာ ''
လီပေါ်ကျုံး ကင်မရာဘက်လှမ်းကြည့်လိုက်ကာ
'' စကားပြောရင် ကြည့်ပြောစမ်း ''
'' ဘာကြောက်စရာရှိလို့လဲ ယွီရှောင်ယွီ ကုမ္ပဏီက ဒီအပိုင်းကိုလွှင့်ခွင့်ပေးမယ်လို့များ ထင်နေလို့လား သူတို့ကျိန်းသေပေါက် ဖျက်ခိုင်းလိမ့်မယ် မဖျက်ခိုင်းပဲ လွှင့်လိုက်တော့ရော ဘာဖြစ်လဲ သူတို့တောင် ဆုံးရှုံးခံနိုင်သေးတာ သမီးတို့ကရော ဘာကိုဂရုစိုက်ရမှာလဲ ဘယ်သူ့ကိုကြောက်ရမှာလဲ ''
ВЫ ЧИТАЕТЕ
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
Художественная прозаMain Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎司) Status in coo - 191 chapters [ 98 extras ] Heartwarming and handsome gong× Strong and smart shou...