Chapter 96

31.8K 4K 413
                                    

Unicode

အလုပ်တွေပြီးပြီ၊ နှစ်ကုန်အခမ်းအနားများ
__________________________________

ယန်းချင်းချီ ပြုံးလိုက်ကာ

''အားလုံးကြိုက်တယ် ချီချီကြိုက်တဲ့ဟာတွေမှန်သမျှ ပါးပါးအကုန်ကြိုက်တယ် ''

''ဘာဟာကိုပိုအကြိုက်ဆုံးလဲ '' ချီချီကမျက်လုံးဝိုင်းလေးတွေဖြင့်ကြည့်ကာ ထပ်မေးလာပြန်သည်။

သမင်ဝတ်စုံလေးကို အခုချိန်အထိဝတ်ထားသေးသော ချီချီ့အား ယန်းချင်းချီကြည့်လိုက်ကာ

''ပါးပါးက သမင်လေးကိုပိုကြိုက်တယ် ဘာလို့လဲဆိုတော့ ချီချီကသမင်လေးမို့လို့လေ ''

ချီချီက ထိုအပြောကြောင့် နည်းနည်းလေးရှက်သွားသော်ငြား ယန်းချင်းချီကိုကြည့်ရင်း တည်ငြိမ်သူလေးဟန်ဖမ်း၍

''ဒါဆို ပါးပါးအတွက် သမင်လေးချန်ထားပေးမယ်နော် ပါးပါး မကြာခင် အိမ်ပြန်လာတော့မှာမလား ''

ထိုသို့မေးပြီးနောက် ကြောင်မျက်လုံးလေးတွေထဲမှာ မျက်ရည်များပြည့်လျှံလာကာ ပါးစပ်ကိုတင်းတင်းစေ့ထားပြီး ယန်းချင်းချီကို ဝမ်းနည်းစွာကြည့်နေသည်။

ယန်းချင်းချီလည်းရုတ်တရက်ကြီးဝမ်းနည်းသွားရသည်။ ငိုချင်ပေမဲ့ မျက်ရည်မကျအောင်ထိန်းနေသည့် ချီချီ့ကိုကြည့်ရင်း သူ့နှလုံးတွေလည်းနာကျင်လာတာကြောင့် သူတောင်မသိလိုက်ပါပဲ ခေါင်းငြိမ့်မိသွားကာ

'' အင်း ပါးပါး ဒီကားရိုက်လို့ပြီးတာနဲ့ ချက်ချင်းပြန်လာမှာ နောက်လဆိုပါးပါးပြန်ရောက်ပြီနော် ''

ချီချီကလည်း ခေါင်းလိုက်ငြိမ့်ရင်း

''အွန်း ပါးပါးပြန်လာမှာကို ချီချီစောင့်နေမယ် ''

ဒီသားအဖနှစ်ယောက် ဒီတိုင်းသာဆက်ပြောနေလျှင် မကြာခင် မျက်ရည်တွေဘူးသီးလုံးလောက်ကျပြီး ငိုကြတော့မှာကိုမြင်ယောင်နေတာကြောင့် ကျန်းမော့ချန်တစ်ယောက် စကားလမ်းကြောင်းအမြန်လွှဲလိုက်ရသည်။

''ပါးပါးပဲလက်ဆောင်ရတာလား ဒယ်ဒီအတွက်ရောမပါဘူးလား ''

ချီချီက လက်စကျန်နေသေးသည့် မျက်ရည်ဝဲတဲတဲလေးဖြင့် ကျန်းမော့ချန်ကိုလှည့်ကြည့်လိုက်ကာ နူးနူးညံ့ညံ့လေးပြောလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now