Chapter 53

34K 3.7K 264
                                    

Unicode

ကျောက်ချန် ကျန်းမော့ချန်ကို ညဘက်ကြီး လာတွေ့တယ်
__________________________________

ယန်းချင်းချီ သူ့အခန်းတွေရိုက်လို့ပြီးတော့မည်ဖြစ်သည်။ ဘယ်လောက်ပြီးသလဲဆို ရိုက်စရာ သုံးခန်းပဲ ကျန်တော့သည်။ သို့သော် ထိုသုံးခန်းအတွက် ရိုက်ရမည့်နံပါတ်စဥ်များမှာ တစ်ခုနဲ့တစ်ခု တော်တော်လေးဝေးကွာနေတာကြောင့် ပထမတစ်ခန်းနှင့် နောက်နှစ်ခန်းကြား နှစ်ရက်လောက်လွတ်နေသည်။ ပထမတစ်ခန်းရိုက်ပြီးနောက် ယန်းချင်းချီတစ်ယောက် ဘာမှလုပ်စရာမရှိသဖြင့် အွန်လိုင်းပေါ်တက်ကာ သူ မကြာခင်ရိုက်ရတော့မည့်《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》Variety Showကို အကြမ်းဖျင်းနားလည်အောင် ကြည့်နေလိုက်သည်။

《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》Variety Showမှာ တစ်သင်းနဲ့တစ်သင်း ယှဥ်ပြိုင်အနိုင်ယူကြသည့် Showအမျိုးအစားဖြစ်သည်။ Showတွင်ပုံမှန်ပါဝင်သူ ၁၀ယောက်ရှိကာ နှစ်သင်းခွဲပြိုင်ရသည်။ တစ်သင်း ၅ယောက်စီဖြင့် ယောကျ်ားလေးသုံးယောက် မိန်းကလေးနှစ်ယောက်ပါတတ်ကာ စွင်းရွှင်နှင့် နောက်ထပ်နာမည်ကြီးသည့် မင်းသားတစ်ယောက်ဖြစ်သော ချန်ရွှမ်းလန်တို့မှာ ထိုနှစ်ဖွဲ့ကိုအမြဲဦးဆောင်ရသည့် အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည်။ အဖွဲ့ဝင်တွေကတော့ ဘယ်အဖွဲ့ထဲပါရမလဲ ကျပန်းမဲနှိုက်ပြီး ဆုံးဖြတ်သည်။ ပြိုင်ပွဲတွင် လူတိုင်းကိုယ်စီက သူတို့နာမည်ရေးထွင်းထားသည့် သစ်သားတံဆိပ်ပြားလေးများကို လက်ကောက်ဝတ်မှာချိတ်ဆွဲထားရသည်။ တကယ်လို့ တဖက်အသင်းသားဆီကနေ တံဆိပ်ပြားလေး ဖြတ်လုနိုင်ခဲ့လျှင် အလုခံရသည့်လူမှာ ပြိုင်ပွဲကနေ ချက်ချင်းအထုတ်ခံရမည်။ ပြိုင်ပွဲအဆုံးတွင် အသင်းသားအများဆုံးကျန်ရှိသည့် အသင်းကနိုင်မည်။ ပြိုင်ဘက်အသင်းသားတွေဆီကနေ တံဆိပ်တွေအများကြီး ဖြတ်လုနိုင်တဲ့လူကတော့ အနိုင်ရသူအဖြစ်သတ်မှတ်ခံရမည်ဖြစ်ကာ စပွန်ဆာတွေဆီကနေ ဆုတစ်ခုရမည်။ ရှုံးသွားသည့်အသင်းကတော့ ကျပန်းမဲနှိုက်ကာ အပြစ်ပေးခံရမည်ဖြစ်သည်။

Variety Showမှာ အရမ်းကိုရိုးရှင်းသည်။ သို့သော် ပုံမှန်ပါဝင်ခွင့်ရသည့် အနုပညာရှင်တွေကြားထဲက ပြောဆိုဆက်ဆံမှုလေးတွေ၊ တစ်ယောက်တံဆိပ်ပြား တစ်ယောက် အပြင်းအထန်ဖြတ်လုကြတဲ့ အခိုက်အတန့်လေးတွေကို ဟာသနှောကာရိုက်ကူးထားတာကြောင့် အခုအချိန်တွင် အရမ်းလူကြည့်များသည့် Variety Showတစ်ခုဖြစ်နေသည်။ ထို့ကြောင့် ပုံမှန်ပါဝင်ခွင့်ရသည့် အနုပညာရှင်၁၀ယောက်မှာလည်း Variety Showကျေးဇူးကြောင့် အတော်အသင့်နာမည်ကြီးကြလေသည်။ သို့သော် ပုံမှန်ရိုက်နေကျ မင်းသားတစ်ယောက်ဖြစ်သော ကွမ်းကျင်ရှန်းမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဒီနှစ်ပြသမည့် အပိုင်း၁၂ပိုင်းတွင် ပထမ၆ပိုင်းကိုသာ လက်မှတ်ထိုးထားခဲ့သည်။ ဆိုလိုတာက ပရိုဂျူဆာအဖွဲ့ဘက်ကနေ နောက်၆ပိုင်းအတွက် လူသစ်တစ်ယောက်ထပ်ရှာရမည်ဟုပင်။ ထိုအကြောင်းပြချက်ကြောင့် ယန်းချင်းချီက နောက်၆ပိုင်းအတွက် အစားထိုးပါဝင်ခွင့်ရသူဖြစ်လာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now